Thursday, January 28, 2010

ပညာရှိစကားမှတ်သားနာယူ




စာမရေးဖြစ်တာတောင် တော်တော်ကြာသွားပြီပဲ

ဒီနေ့တော့တစ်ခုခုရေးဖို့စဉ်းစားလိုက်မိပါတယ်

ဟိုတစ်လောကတော့ မိတ်ဆွေတို့သိတဲ့အတိုင်းပဲ

ဘာသားရေးတိုက်ခိုက်မှုတွေ ပလူပျံနေတာနဲ့မောင်စနေတို့လဲ ပုန်းနေရတာပေါ့ဗျား

တကယ်တမ်းမှာတော့ မောင်စနေလဲ မလွတ်ပါဘူးဗျာ လောကဓံလို့ပဲထားလိုက်ပါတော့

ဆရာတော်တစ်ပါးရဲ့ Blog က cbox မှာ မောင်စနေ(ဆေး ၁) ဆိုပြီး

ပယ်ပယ်နယ်နယ်ကိုလျှောက်ရေးထားတော့တာကိုး

မောင်စနေလဲတော်တော်စိတ်ပျက်သွားတယ်ဗျို့

စာရေးချင်စိတ်ပါကုန်သွားတယ်

ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လိုစလိုက်တယ်မသိပါဘူးဗျာ

အတော်လဲစိတ်ရှုတ်ဖို့ကောင်းပါတယ်

တစ်ချို့ကလဲ နိုင်ငံရေးလှည့်ကွက်တစ်ခုလို့ပြောတာပါပဲ

မောင်စနေကတော့ မသိချင်ယောင်ဆောင်နေလိုက်တော့မယ်နော်

ဒီကိစ္စကိုလဲ ဒီနေရာမှာပဲထားလိုက်ပါတော့

တကယ်တမ်းကျတော့ မောင်စနေအတွက်စာတစ်ပုဒ်ရေးဖို့ကအတော်ခက်တာဗျ

သူများတွေလိုလဲ စာကောင်းပေကောင်းတွေ စက်နဲ့လှည့်ထုတ်သလိုမထွက်

တစ်ပုဒ်တစ်လေဖျစ်ညှစ်ရေးပြန်တော့လဲဖတ်မယ့်သူမရှိ

ဒါပေမယ့်လဲ စာမရေးရမနေနိုင်တဲ့သူမို့ ရေးဦးမယ်ဗျာ နော်

စာရေးတဲ့အခါမှာ မောင်စနေကြုံရတဲ့ အခက်အခဲတစ်ချို့ကိုပြောပြချင်ပါတယ်

အဲဒါကတော့ အကြောင်းအရာပါပဲ ဘာအကြောင်းရေးမယ်ဆိုတာပေါ့လေ

တကယ်တမ်းပြောရယင် ရေးစရာအကြောင်းတွေက ခေါင်းထဲမှာရှိပါတယ်ဗျာ

ဒါပေမယ့် မရေးရဲဘူးဗျ ဘာလို့လဲဆိုကြောက်လို့ပါဗျာ

ဘာကိုကြောက်လဲဆိုတော့ လူတွေကိုပေါ့

တစ်ခါတစ်လေကျယင် စာကြီးပေကြီးတွေရေးချင်စိတ်ပေါ်တယ်ဗျ

အတော်ကြီးတဲ့စာတွေပေါ့ ဂေါ်ဇီလာလောက် ဒိုင်နိုဆောလောက်လေ

ဒါပေမယ့်လဲမရေးရဲပါဘူးဗျို့ ဘာလို့လဲဆိုတော့ မောင်စနေဟာ အတော်ညံ့နေသေးတာမို့လို့ပါပဲ

ဟုတ်တယ်ဗျ ကျွန်တော်အယင်ကတော့ထင်တာပေါ့ ငါမဆိုးဘူး တော်တော်စဉ်းစားတတ်တဲ့လူပဲလို့ တော်တော်သိတဲ့လူလို့

ဒါပေမယ့် နိုင်ငံအပြင်ကို မနေ့တစ်နေ့ကထွက်ကြည့်လိုက်တော့မှ ဟိုက်ရှလပတ်ရေ(ဂုရုကြီးလေသံနဲ့)

အသက်တောင်ရဲရဲမရှူရဲတော့ဘူးဗျို့

ဟိုနေရာမှာလဲ ရွှေလူတော်တွေ ဒီနေရာမှာလဲ ရွှေလူတော်တွေ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး တော်နေလိုက်ကြတာလေ

သူတို့နဲ့စကားပြောယင်လဲ သတိထားရတယ် သူတို့ကပညာရှိတွေလေ ကိုယ်ကတော့ငချွတ်လေး Level မတူဘူး

ဟေ့ကောင် မောင်စနေ မင်းပါစပ်ကိုပိတ် နားထောင်ခေါင်းညိမ့် ပညာတွေယူစမ်းပါ ယူလိုက်စမ်းဘာ

ဘယ်လို...အစ်ကိုကြီးကဟိုတက္ကသိုလ်က ဟိုဘွဲ့တွေရပြီး ဟိုပညာတွေကျွမ်းကျင်တာ

ပိုစိုးပတ်စက် သောက်သောက်လဲ ဝက်ဝက်ကွဲတော်ပြီး ဟိုကုမ္ပဏီမှာ ဟိုရာထူးနဲ့ တစ်လလေးငါးထောင်ပိုက်နေတာ..

သြော်..ဟုတ်ကဲ့..အစ်ကိုကြီးက တော်တော်တော်တာပဲနော်..တော်တော်တီးတော်ပဲ..ဟဲဟဲ

ဒီအစ်ကိုကြီးတွေကတစ်ခါတစ်လေကျတော့ မောင်စနေလိုက်မမီတဲ့စကားတွေပြောတယ်ဗျ

ဗမာပြည်ကောင်းစားဖို့..ဟာ..လုပ်စမ်းပါဦး အစ်ကိုကြီးရာ..စိတ်ဝင်စားတယ်..

ဘယ်လို...အခွင့်အရေးမပေးလို့ ငြိမ်နေကြတာ တကယ်တမ်းရင်ထဲမှာ မျိုးချစ်စိတ်ကအပြည့် အပြည့်ရှိတာ

ငါတို့ဗမာပြည် ဘာလို့ဆင်းရဲနေလဲသိလားတဲ့ မောင်စနေကလဲ ဥာဏ်မမီတော့ မသိပါဘူး အစ်ကိုကြီးတို့ရေ

မသိယင်မှတ်ထား ဗမာတွေကေ-ာက်ကျင့်မှမကောင်းတာေ-ာက်စည်းကမ်းမှမရှိတာေ-ာက်ဦးနှောက်မှမရှိတာ...

သြော်..ဒီလိုလား..ဟုတ်ကဲ့ ဟုတ်ကဲ့ မောင်စနေမှတ်သားထားပါ့မယ်ခင်ဗျာ

ကျွန်တော်တို့နိုင်ငံမှာဒီလို အရည်အချင်းရှိပြီး

ဒီလိုမျိုးချစ်ပုဂ္ဂိုလ်တွေရှိတာဝမ်းသာစရာ...ရာ...အဲ..ဟုတ်ကဲ့..ဗျာ..ဘယ်လို...

သြော်..သူတို့အချင်းချင်းပြောနေတာဗျ ပညာရှိတွေ မျိုးချစ်ပုဂ္ဂိုလ်တွေပြောတာမှတ်သားမှ...

အဲ..ဘာတဲ့..သူက PR လျှောက်တော့မှာ..??

ဟာ..အစ်ကိုတို့ PR ဘာလုပ်မလို့လဲ မကြံကောင်းမစည်ရာဗျာ

ဗျာ..ဘာသိလို့လဲ..ဟုတ်လား...

အစ်ကိုတို့ပဲ PR ဆို..? ကျွန်တော်တို့ဆေးကျောင်းမှာတော့ PR ဆိုတာ Per Rectal ကိုပြောတာပဲ

မကောင်းပါဘူးအစ်ကိုတို့ရာ အဲဒါသဘာဝကိုဆန့်ကျင်တာနော်

ဗျာ...သြော်..PR ဆိုတာ Permanent Resident အမြဲတမ်းနေထိုင်ခွင့်ရတာကိုပြောတာ...သြော် ဂလိုလား..

ဟမ်...ဒါနဲ့ မျိုးချစ်စိတ်ရှိတယ်ဆို...ဘယ်လို..အခြေအနေအရ..သြော်..အဲလိုလား...ဟုတ်ကဲ့..မှတ်ထားပါမယ်ခင်ဗျာ..

ဒီဘက်ကအစ်ကိုကြီးကစလုံးဖြစ်သွားပြီး ဖားမလေးတစ်ယောက်နဲ့...ဟမ်..အစ်ကိုကြီးတို့ရေ..စလုံးတွေရော

ဖားမတွေရော..ဘာတွေလဲဗျာ..ဘာလဲ..အစ်ကိုတို့က အောက်လမ်းသိုင်းတွေကျင့်နေကြတာလား...

သြော်...စလုံးဆိုတာ စင်္ကာပူ...ဖားဆိုတာ ဖိလစ်ပိုင်...သြော်..ဂလိုလား..အဟဲ..ထူးဆန်းတယ်နော်...

ဒါ..ဒါနဲ့ မျိုးချစ်တယ် နိုင်ငံကိုချစ်တယ်ဆို...သြော်..အခြေအနေအရ...ဟုတ်ကဲ့..အစ်ကိုကြီးတို့

အခြေအနေတွေသိပ်များတယ်နော်

မောင်စနေလဲ ဦးနှောက်သေးပြီးဥာဏ်တိမ်တော့ မမှတ်နိုင်တော့ဘူး အစ်ကိုကြီးတို့ရေ....နောက်များမှပဲ

အသေအချာမှတ်သားသင်ယူတော့မယ်ဗျာ နော်

ဟူး..ကဲ..မိတ်ဆွေတို့ရေ..ဒီလောက်ဆို မိတ်ဆွေတို့လဲသိပြီပေါ့ မောင်စနေဘယ်လောက်တုံးလဲဆိုတာလေ

တကယ်ပါဗျာ ပညာရှိတွေကြားထဲမှာ နေရတာ အလိုလိုနေယင်းကိုသိမ်ငယ်လာပါရဲ့ဗျာ

စာတောင်ဘယ်ကစရေးရမလဲမသိတော့ပါဘူး ခက်တယ်

ဒီလိုဆိုတော့လဲ ကျွန်တော်တို့ နိုင်ငံမှာ လူတော်တွေ မျိုးချစ်စိတ်ရှိသူတွေတယ်များသကိုးဗျနော်

သူတို့ခင်မျာ အခြေအနေအရသာ စလုံးတွေ ဝလုံးတွေ ပစောက် ဖဝတ်ထုတ်တွေ...အာ..ရှုပ်ကုန်ပြီ..ထားလိုက်ပါတော့

အဲသလိုပြောင်းနေကြရတာတဲ့ခင်ဗျ

ဗမာပြည်တိုးတက်ခေတ်မီဖို့အတွက် သူတို့ကိုပဲအားကိုးရမှာပဲဗျာ

ဗမာပြည်ရဲ့ အနာဂတ်ကတော့ အားရစရာပါပဲဗျာ

မောင်စနေလိုပုစွန်ဦးနှောက်ကတော့ သူတို့ဆီကပညာတွေဆည်းပူးရဦးမှာပေါ့လေ..

ကဲ ကဲ မိတ်ဆွေလဲ မောင်စနေလို ငတုံးမဖြစ်စေနဲ့နော်

အဲဒီအစ်ကိုကြီးတွေလို ပညာရှိတွေနဲ့တွေ့ယင်လဲ ပညာတွေလက်ဆင့်ကမ်းသင်ယူဖို့ မမေ့နဲ့နော်

နောက်ပြီး အခြေအနေအရ စလုံးတွေ ယပလက်တွေ သဝေထိုးတွေ...အာ...ရှုပ်ကုန်ပြန်ပြီ..အဲ..အဲလိုတွေ

အခြေအနေအရပြောင်းချင်လဲပြောင်းပေါ့လေ

မောင်စနေကတော့ ပညာရှိစကားတွေ မေ့ကုန်မှာစိုးလို့ စာအုပ်တစ်အုပ်ထဲချရေးထားမှ

ဘာတဲ့...ဝလုံး...တသလင်းချိတ်...ဏကြီး...အာ.....ရှုပ်ကုန်ပြီဗျို့။ ။

No comments:

Post a Comment