Tuesday, January 12, 2010

စိတ္တဇ (သို့) ည



တိတ်ဆိတ်နေတဲ့ည ထိန်ထိန်သာမနေတဲ့ လမင်းကိုရှာယင်း

ငါ ကောင်းကင်ကိုမော့ကြည့်ယင်းငေး

ဟိုးအဝေးဆုံးမှာ ဓူဝံကြယ် မင်းတွေ့ရဲ့လား...???

နားဝကိုတိုးဝှေ့လာအသံတွေ မင်းကြားရဲ့လား...???

ပေတရာလမ်းမတွေပေါ်ကခြောက်ကပ်နေတဲ့ဘဝများ

စိတ္တဇညတွေထဲက ရုန်းထွက်ချင်သူတွေရဲ့ ပဲ့တင်ထပ်နေတဲ့အော်မြည်သံများ

အလင်းမရှိအမှောင်တိညတွေထဲ လမ်းပျောက်သူငါ ညတွေထဲကနိုးချင်ပြီကွယ်..။

No comments:

Post a Comment