
အရှေ အနောက် တောင် မြောက်အရပ်လေးမျက်နှာမှာ
ကျွန်တော်မြင်နေတာက မျက်နှာဖုံးစွပ်ထားတဲ့ အပြုံးတုများ...။
ပျားရည်လို ချိုမြိန်တဲ့နှုတ်ခမ်းပါးတွေနောက်က
သွေးအေးတဲ့ လူသတ်သမားရဲ့ အေးစက်စက်ဓါးသွား...။
တောက်ပတဲ့ ညှို့မျက်ဝန်းတွေနောက်က
မာယာတွေဆင်မြန်းထားတဲ့ အက်ဆစ်လိုမိန်းမများ...။
လောဘတွေ ဒေါသတွေ မောဟတွေရဲ့ကြားမှာ
အဝိဇ္ဖာဖုံးပြီး မီးကိုတိုးနေသောပိုးဖလံများ...။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဆုံးမ စိတ်ကိုပစ္စုပ္ပန်မှာတည့်တည့်ထား
အမှန်ကန်ဆုံးသစ္စာတရားနဲ့ အေးမြသောမေတ္တာတရား...။
မမြဲခြင်းအနိစ္စ ဖောက်ပြန်တဲ့ သဘောတရား
ဆင်းရဲခြင်းချုပ်ငြိမ်းရာအမှန်ကား နိဗ္ဗာန်ဆိုတာဒိတ်ထ...။
No comments:
Post a Comment