
နှစ်ပေါင်းအစိတ်
ကြာခဲ့အတိတ်က
ဘဝတစ်ခု
အစပြုခဲ့
မွေးသမိခင်
ကျေးဇူးရှင်မှာ
ဖဝါးလက်နှလုံး
ပခုံးလကိနှစ်သစ်
အကောင်ပိစိမှ
ကာလရွေ့လျား
ကြီးကောင်လားတိုင်
မညီးမညူ
မဆူပူပဲ
ရေပူရေအေး
လိုရာပေး၏…။
မိခင်ကျေးဇူး
ဂုဏ်ထူးထူးကို
စာလွှာပေလွှာ
ရေးဖွဲ့ခြင်းငှာ
မစွမ်းသာဘူး
ပမာပြုသော်
မြင်မိုရ်တောင်သည်
မည်၍မည်မျှ
ရှည်လျားအံ့ဟု
မေးသည်ရှိက
တိုင်းထွာခြင်းငှာ
ဖြစ်ခြင်းရာ၏
သို့စေတမူ
မိခင်မေတ္တာ
ကျေးဇူးသည်ကား
အတိုင်းအဆမရှိ
အကန့်အသတ်မရှိ
အနှိုင်းအဆမရှိ
ဤကားစကားအမှန်တည်း…။
လူဖြစ်လာရ
ထိုခဏဝယ်
မွေးမိခင်ကို
ရင်ခွင်ခို၍
အလိုရှိတိုင်း
လိုရာတောင်းခံ
နှိပ်စက်ပြန်လည်း
မိခင်ဟူသည်
သားသမီးဆိုး
ပစ်ရိုးမရှိ
မုန်းလဲခဏ
ပြန်ချစ်ရသည်
ရင်၌ဖြစ်သော
ရတနာဟု
ပမာပြု၍
ချစ်ခြင်းမပျက်
ချစ်လျက်မြဲသာ
သိုပါငြားလဲ
ဆိုးသွမ်းယုတ်မာ
လူ့ဗာလတို့
မိခင်ကျေးဇူး
မသိမူ၍
မာတာမိခင်
ကျေးဇူးရှင်ကို
နွမ်းအောင်ညှင်းဆဲ
မျက်ရည်ရွှဲအောင်
ပြုငြားမိသော်
လက်ရှိဘဝ
နောင်သံသရာပါ
ငရဲလိုက်မည်
လူဖြစ်တုန်းခဏ
ဤဘဝမှာ
မိခင်ကျေးဇူး
အသိထူးကာ
လူဖြစ်ရကျိုးနပ်ကြစေ...။
No comments:
Post a Comment