အပြစ်ပြောတာနဲ့ ဆုံးမတာကို ဘယ်လိုခွဲခြားသတ်မှတ်မလဲ။
အပြစ်ပြောရင်လဲ သူများအပြစ်ကို မြင်အောင် ကြည့်ပြီး ပြောရတယ်။
ဆုံးမရင်လဲ အပြစ်ကို မြင်အောင် ပြပြီး ဆုံးမရတယ်။
သူများ အပြစ်ကို မြင်အောင်လိုက်ကြည့်ပြီး ပြောတတ်သူက ကောင်းစေချင်လို့ ဆုံးမတာလို့ ဆင်ခြင်ပေးတယ်။
ကောင်းစေချုင်လို့ ဆုံးမသူကိုလဲ အပြစ်လိုက်ပြောနေတဲ့ သူလို့ လွဲမှား စွာမြင်မိတယ်။
အပြစ်ပြောတာနဲ့ ဆုံးမတာကို ဘယ်လို ခွဲခြားနားလည်ရမလဲ
Posted by khaingsukyi on http://dhammadutayouth.ning.com/ February 19, 2010 at 3:34pm
အပြစ်ပြောတာနဲ့ ဆုံးမတာက ပြောသူ (ဝါ) ဆုံးမသူရဲ့စေတနာပေါ်မှာမူတည်ပြီး ကွဲပြားပါတယ်
လူတစ်ယောက်အမှားလုပ်ပြီဆို အပြစ်ပြောတဲ့ ( Negative sense နဲ့) သူက အများစုပါ
ကိုယ့်အပေါ်ကောင်းစေချင်လို့ ဝိုင်းဝန်းအဖြေရှာပေးတဲ့သူကတော့ အနည်းစုပါ
တစ်ချို့ကျတော့ ကူညီချင်တယ် ကောင်းစေချင်တယ် ဒါပေမယ့် တစ်ဖက်လူရဲ့ခံစားချက်ကိုမစဉ်းစားပဲ
ပြောချင်တာပြော ကရုဏာဒေါသောနဲ့ ပြောတဲ့အခါ စေတနာကဝေဒနာဖြစ် ဆုံးမရာလဲမရောက်တော့ဘဲ
အသားလွတ်အပြစ်တွေ စွဲချက်တွေတင်သလိုဖြစ်သွားပါတယ်
ဒါကတော့ နားလည်မှုလွဲတာပါ တကယ်တမ်းကတော့ ဒါမျိုးက မိဘနဲ့သားသမီးကြားမှာ အဖြစ်များပါတယ်
တစ်ချို့ကကျတော့ အမှားလုပ်မိတဲ့သူကို ကြိုးမိန့်ကျတရားခံအလားပဲ
လုံးဝခေါင်းမဖော်နိုင်အောင်အောင်ငေါက်တာမျိုးရှိပါတယ်
လူတိုင်းမှားကြပါတယ် သူမှားတဲ့အမှားမျိုးကိုယ့်မှာရောကင်းရဲ့လားဆိုတာ အယင်ဆုံးစဉ်းစားသင့်ပါတယ်
မဟုတ်ယင် သူ့အတွက် ကိုယ့်အတွက် ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး
အမှားလုပ်မိတဲ့သူကို ကိုယ်ချင်းစာတရားလေးမွေးပြီး ကူညီမယ် အခွင့်အရေးလေးပေးမယ်ဆို
ဒီလိုပြသနာလေးရှင်းသွားမှာပါ
ပြောတဲ့ ဆုံးမတဲ့နေရာမှာလဲ စေတနာလေးမှန်ဖို့လိုပါတယ်
အလကား အသားလွတ် ဆရာလုပ်ပြီး အကျောကြီးနဲ့ ပြောချင်တာပြော အော်ချင်တာအော်တာမျိုးမဖြစ်သင့်ပါဘူး
အမှားတိုင်းမှာ အကြောင်းပြချက်တော့ရှိပါတယ် မတော်တဆမှားတာလား မသိလို့မကျွမ်းကျင်လို့မှားတာလား
နမော်နမဲ့နိုင်လို့မှားတာလား ဘာကြောင့်မှားတာလဲ ဆိုတဲ့ အပေါ်မှာမူတည်ပြီး အခြေအနေနဲ့အချိန်အခါအရ
သင့်လျော်သလိုဆုံးမအကြံပေးသင့်ပါတယ်
အမှားလုပ်မိသူကို ကြောင်းနဲ့ကျိုးနဲ့ သေသေချာချာနားဝင်အောင်ပြောပြ သူ့အခက်အခဲကိုလဲနားထောင်
သင့်လျော်မယ့် အကြံပေး ဒီလိုဆို နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေတာပေါ့ သူအတွက်လဲအကျိုးရှိတယ် ကိုယ်လဲ
လေမကုန်ရ ဒေါသမထွက်ရတော့ဘူပေါ့
အပြန်အလှန်လေးစားမှု နားလည်မှု ကိုယ်ချင်းစာမှု ရိုင်းပင်းကူညီမှုဆိုတာတွေဟာ
တစ်ယောက်နဲ့တစ်ယောက်ကင်းနေလို့မရတဲ့
လူ့အသိုင်းအဝိုင်းထဲက လူတွေအတွက် လူမှုဆက်ဆံရေးအခြေခံပါပဲလေ...။
Wednesday, May 12, 2010
Reply to လူတိုင်းဟာ ကံစီမံရာအတိုင်း ဖြစ်ကြရတယ်တဲ့။ထိုကံတရားကို ဥာဏ်နဲ့ရောရှောင်လို့ရလား?
လူတိုင်းဟာ ကံစီမံရာအတိုင်း ဖြစ်ကြရတယ်တဲ့။ထိုကံတရားကို ဥာဏ်နဲ့ရောရှောင်လို့ရလား?
Posted by khaingsukyi on http://dhammadutayouth.ning.com/ on January 21, 2010 at 10:34am
ကံတရားကို ဥာဏ်မများနဲ့ လို့ကြားဖူးတယ်။ကံပေးတဲ့အတိုင်းပဲ အရာရာကို ငုံ့ခံရမှာလား။
ကံတရားကို ဥာဏ်နဲ့ရောမရှောင်တိမ်းနိုင်ဘူးလား။အရှင် မဟာမောဂ္ဂလန်မတေရ်မြတ်ကြီးက
သူရဲ့ကံတရားကို တန်ခိုးနဲ့မရှောင်နိုင်ပေမဲ့ ဥာဏ်ဆိုတဲ့ သည်းခံခွင့်လွတ်မှုနဲ့ ရှောင်နိုင်တယ်လို့ ထင်ပါတယ်။
မိမိ တို့တွေရော သံသရာအဆက်ဆက်က ရှိခဲ့တဲ့ ကံတရားတွေကို ဥာဏ်နဲ့ရှောင်နိုင်မှာလား ?
Reply to this post
အင်း...အလုပ်တစ်ခုလုပ်ပြီဆို ကိုယ့်ဘက်ကစိုက်ထုတ်နိုင်တာကတော့ ဥာဏ်နဲ့ဝီရိယပါပဲ
အတိတ်ကပြုခဲ့တဲ့ကံကိုတော့ပြင်လို့မရတော့ဘူး ပေးဆပ်သင့်တာပေးဆပ်ရမှာပါပဲ
ဒါပေမယ့် ပစ္စုပ္ပန်ကံလေးတွေကိုတော့ ကောင်းအောင်ပြုပြင်ဖို့ အချိန်မနှောင်းသေးပါဘူး
ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် ကြားဖူးပြီးသားဖြစ်မယ်လို့တော့ထင်ပါတယ်
ဟိုးရှေးရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဒိသာပါမောက္ခကြီးတစ်ယောက်ရှိပါတယ်
ဆရာကြီးရဲ့ဂုဏ်သတင်းဟာ အင်မတန်ကျော်စောလွန်းတော့ အနီးအနားတိုင်းပြည်တွေသာမက
ဝေးလံတဲ့ နိုင်ငံတွေကလူငယ်တွေပါ ဆရာကြီးဆီကိုလာရောက် ပညာသင်ယူကြပါတယ်
ဆရာကြီးဟာ ဗေဒင်ပညာကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပါတယ်
တစ်နေ့မှာတော့ ဆရာကြီးဟာ သူ့တပည့်တွေကိုဇာတာစစ်ပေးပါသတဲ့
မဟာဘုတ်ထောင် ဘာထောင်ပေါ့ ဒီလိုဟောပေးတာပေါ့လေ
ဒီလိုနဲ့ မောင်လှဆိုတဲ့ ကျောင်းသားလေးအလှည့်ရောက်တော့ ဆရာကြီးကထုံးစံအတိုင်းတွက်ချက်ပြီး
ဘာမြင်သလဲဆိုတော့မောင်လှဟာ နောက် ၇ ရက်ဆို သေရှာတော့မှာပါပဲ
ဒါပေမယ့် ဆရာကြီးဟာ ဒီစကားကို ပြောမထွက်ဘူးဖြစ်နေပါတယ်
မောင်လှဆိုတာကလည်း သူ့တပည့်တွေထဲမှာ အငယ်ဆုံး အလိမ္မာဆုံးလေးဖြစ်နေတော့ သာဆိုးတော့တာပေါ့
ဒါနဲ့ မောင်လှရေလာအုန်းကွယ့် ဆိုပြီးခေါ်၊ပြီးတော့မှ “အေး မင်းလဲပညာတွေသင်ရတာပင်ပန်းနေပြီ
မင်းရဲ့ကြိုးစားသင်ယူမှုကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းကိုခွင့်တစ်လပေးမယ် မင်းရပ်ရွာပြန်ချေ တစ်လပြည့်မှပြန်လာခဲ့”
ဒီလိုဆိုပါသတဲ့
ဒီလိုနဲ့ မောင်လှလည်း ပြန်သွားတော့တာပေါ့
ဆရာကြီးဟာ မောင်လှအတွက်စိတ်မကောင်းဖြစ်လွန်းလို့ အဖြစ်မှန်ကိုမပြောဘဲ ဥပါယ်တံမျှင်နဲ့
ပြန်လွှတ်လိုက်တာပါ
ဒီနောက်မှာတော့ ဆရာကြီးဟာ ကျောင်းသားတွေအတွက် ပညာသင်ပေးရ အုပ်ချုပ်ရ ဆုံးမရ စတဲ့
ဗျာဟိကိစ္စတွေကြားထဲမှာ နစ်မြုပ်ယင်း မောင်လှကိစ္စကိုမေ့သွားပါသတဲ့
ဒီလိုနဲ့ ဒီလိုနဲ့ပဲ တစ်လတင်းတင်းပြည့်တဲ့အချိန်မှာ ကျောင်းသားလေးမောင်လှပြန်ရောက်လာသတဲ့
အံ့သြစရာမကောင်းဘူးလား
ဆရာကြီးဟာလဲ မောင်လှကိုတွေ့တော့ မျက်လုံးကြီးပြူးပြီး ပါးစပ်အဟောင်သားနဲ့ အုံအားသင့်နေတော့တာပေါ့
သူက မောင်လှဟာအသက် ၇ ရက်ပဲခံတော့မယ်လို့ တွက်ချက်ပြီးသိထားတာမဟုတ်လား
ဆရာကြီးဟာ သူ့ဗေဒင်ပညာကိုတော့သံသယမရှိပါဘူး
ဒါနဲ့ တစ်ခုခုတော့မှားနေပြီဆိုပြီး မောင်လှကိုခေါ် ဗေဒင်ပြန်တွက်ပြန်သတဲ့ (ဒီနေရာမှာလက္ခဏာပိုဖြစ်နိုင်ပါတယ်)
ဒီတစ်ခါမှာတော့ မောင်လှရဲ့ အသက်လမ်းကြောင်းဟာ ယခင်လိုမဟုတ်တော့ပဲ နောက်နှစ် ၄၀ လောက်ထိရှည်ဦးမှာကိုတွေ့ရသတဲ့
ဆရာကြီးလဲ ဒီလိုမျိုးတစ်ခါမှမတွေ့ဘူးတော့အံ့သြတာပေါ့
ဒါနဲ့“မောင်လှ မင်းသေချာစဉ်းစားစမ်း မင်းဒီ ၇ ရက်အတွင်းဘာတွေလုပ်လဲပေါ့”
မောင်လှကလဲ ရွာပြန် မိဘတွေကန်တော့ ဆွေမျိုးတွေတွေ့ ဘာညာပြောတော့တာပေါ့
ဆရာကြီးက“မဟုတ်သေးဘူး တစ်ခြားရောဘာတွေလုပ်သေးတုန်းဟ ဒီကနေစထွက်ကတည်းကနေ
စပြီးစဉ်းစားစမ်း”လို့မေးသတဲ့
ဒီတော့မှ မောင်လှက ဒီကနေပြန်တော့ လမ်းမှာ တံတားလေးကျိုးနေတာတွေ့လို့ပြင်ပေးတဲ့အကြောင်း
ရွာကိုသွားတဲ့လမ်းဟာ ချုံနွယ်တွေ ထူနေလို့ ရှင်းပေးခဲ့ရတဲ့အကြောင်း လမ်းမှာရေအိုင်ကြီးတွေ့လို့ အုတ်တွေ
ခဲတွေနဲ့ဖိခဲ့ ဖို့ခဲ့ကြောင်းတွေပြောပါသတဲ့
ဒီတော့မှ ဆရာကြီးက “ကောင်းလေစွ ကောင်းလေစွ မောင်လှ
မင်းဟာမင်းရဲ့ပစ္စုပ္ပန်ကံကိုဆည်ဖို့ပြုပြင်ခဲ့ပြီ”လို့ပြောပါသတဲ့
သဘောကတော့ အတိတ်အကုသိုလ်ကံဖိစီးမှုကြောင့်သာဆို မောင်လှဟာ ၇ ၇က်နေယင်သေရတော့မှာပါ
ဒါပေမယ့် သူ့ရဲ့ ပစ္စုပ္ပန်ကံက ကယ်တင်တာဆီးလိုက်တဲ့အတွက် သေးဘေးကကင်းလွတ်သွားတာပါ
တခြား တခြားသော သာဓကများကိုလဲ ဓမ္မဝထ္တုတွေမှာတွေ့နိုင်ပါတယ်
အတိတ်ကံကောင်းပြီး ပစ္စုပ္ပန်ကျမှ ဆရာတင်မှား ဒုက္ခတွေတွေ့ ငရဲကျရတဲ့
အဇာတသတ်လိုပုဂ္ဂိုလ်တွေလဲရှိပါသေးတယ်
Comment အတော်ရှည်သွားတဲ့အတွက်တောင်းပန်ပါတယ်
အားလုံးကျန်းမာ ချမ်းသာကြပါစေ
“ကံဆိုတာအလုပ်
အလုပ်ကောင်းယင်ကံကောင်းမည်
ယခင်ကောင်းလို့ အခုကောင်းသည်
အခုကောင်း နောင်ကောင်းပါလိမ့်မည်” ...။

Sunday, May 9, 2010
အနှိုင်းမဲ့မေတ္တာရှင် အမေ

လူတိုင်းကြားဖူးပြီးသားဖြစ်မယ့် ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်
တစ်ခါတုန်းက ရွာတစ်ရွာမှာ အလွန်ဆင်းရဲတဲ့ သားအမိနှစ်ယောက်ရှိသတဲ့
မိခင်မုဆိုးမကြီးဟာ ဟင်းသီးဟင်းရွက်ရောင်းပြီး ဖတဆိုးသားငယ်လေးကို လူလားမြောက်အောင်မွေးခဲ့ပါတယ်
ဒီလိုနဲ့ သားငယ်လေးဟာ အရွယ်ရောက်လို့ တစ်ဆယ့်ရှစ်နှစ်တောင်ရှိလာခဲ့ပြီပေါ့
သားငယ်လေးဟာ လူထဲကလူတစ်ယောက်ပဲဆိုတော့ တစ်နေ့မှာ အချစ်ဆိုတဲ့အရာနဲ့ ထိပ်တိုက်တွေ့ကြသည်ပေါ့
သားငယ်လေးချစ်မိသွားတာကတော့ ရွာမှာအချမ်းသာဆုံး သူဋ္ဌေးကြီးရဲ့တစ်ဦးတည်းသောသမီးလေးကိုပါ
ထုံးစံအတိုင်းပေါ့ ချမ်းသားကြွယ်ဝတဲ့ ဓနရှင် သူဋ္ဌေးကြီးက မျက်နှာမွဲ မုဆိုးမသားနဲ့ သဘောမတူဘူးလေ
ဒါပေမယ့် သူဋ္ဌေးကြီးရဲ့သမီးလေးကတော့ သားငယ်လေးကိုချစ်ရှာပါတယ် သူ့အဖေကိုမလွန်ဆန်နိုင်တော့လဲ
ချစ်သူနှစ်ယောက်ဟာ မနီးစပ်နိုင်ဘူးဖြစ်နေတာပေါ့
တစ်နေ့မှာတော့ သားငယ်လေးနဲ့ သူဋ္ဌေးသမီးလေး ချိန်းတွေ့တုန်း သူဋ္ဌေးကြီးမိသွားပါတယ်
ရိုက်မယ် ပုတ်မယ် လုပ်တော့ သူဋ္ဌေးသမီးလေးက ကြားက ကာဆီးကာဆီးနဲ့ပေါ့
ဒီအခါမှာသူဋ္ဌေးကြီးက ”အေး မင်းငါ့သမီးနဲ့လက်ဆက်ချင်ယင် မင်းအမေရဲ့အသည်းနှလုံးကို
ခွဲထုတ်ပြီးယူလာလှည့်”လို့ဆိုသတဲ့ (ရုပ်ရှင်ထဲမှာဆိုဗီလိန်ကြီးနေမှာပေါ့ :) )
ပြီးတော့ ငိုယိုနေတဲ့ သူဋ္ဌေးသမီးလေးကို သူဋ္ဌေးကြီးရဲ့ တပည့်တပန်းတွေက အတင်းဆွဲခေါ်သွားကြတာပေါ့ကွယ်
သူဋ္ဌေးသမီးလေးဟာ မျက်ရည်တွေကြားကနေ သနားစဖွယ်အသံလေးနဲ့ ”မောင်ရေ အချစ်မောင်နဲ့မခွဲနိုင်ဘူး
အချစ်ကိုသနားယင် မောင့်အမေအသည်းနှလုံးကိုယူပြီး အမြန်ဆုံးပြန်ခေါ်ပါလို့”ပြောသတဲ့ (နည်းတဲ့မိန်းမယုတ်မှမဟုတ်တာနော်)
ဒီအခါမှာ သားငယ်လေးခမျာ ချစ်သူနဲ့ဝေးရမယ့်အရေးကိုတွေးလို့ မစားနိုင် မသောက်နိုင် တမှိုင်မှိုင်
တတွေတွေနဲ့ပေါ့
သားမျက်နှာမကောင်းတော့ မိခင်မုဆိုးမကြီးလဲမနေနိုင်မထိုင်နိုင်ဖြစ်တာပေါ့
သားလေး ဘာဖြစ်လဲဆိုပြီးမေးတာပေါ့
ဒီတော့ သားငယ်လေးကလဲ မပြောချင်ပါဘူး အမေရယ်ဆိုပြီး ဖြစ်ကြောင်းရယ်ကုန်စင်ကို အားရပါရပြောပြသတဲ့ :)
အကြောင်းစုံသိရတဲ့နောက်မှာ မိခင်ကြီးက “သားလေးရေ ဒီအတွက်ဘာမှမပူနဲ့ ရော့အမေ့ရဲ့
အသည်းနှလုံးကိုယူသွား”ဆိုပြီး ရင်ကိုခွဲ အသည်းနှလုံးကိုထုတ်လို့ ရက်ရက်ရောရောပေးလိုက်သတဲ့
မစိတ်မွှန်နေတဲ့ သားငယ်လေးဟာ မိခင်တစ်ယောက်လုံးဆုံးရှုံးရတာကိုတောင်မှ သတိမရတော့ပဲ သူအမေရဲ့
အသည်းနှလုံးကိုကောက်ယူပြီး သူဋ္ဌေးမလေးဆီကို ဝမ်းသာအားရပြေးသွားသတဲ့
လမ်းမှာ ကျောက်ခဲကိုခလုတ်တိုက်မိပြီး သားငယ်လေးချော်လဲသတဲ့
ဒီအခါမှာ မိခင်ကြီးရဲ့အသည်းနှလုံးက မေးသတဲ့ “သားလေး ဘယ်နားနာသွားလဲ”တဲ့
ပုံပြင်လေးကတော့ဒီနားအထိပါပဲ သူဋ္ဌေးမလေးနဲ့ညာမညားတော့ ကျွန်တော်လဲမသိပါဘူး
အမေတစ်ယောက်ရဲ့ ကြီးမားလှတဲ့ မေတ္တာနဲ့ သဘောထားမြင့်မြတ်မှုကိုဖော်ကျူးထားတဲ့ပုံပြင်လေးပါ
ဒီပုံပြင်ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ကျွန်တော့်အမေကိုပိုချစ်လာတယ် ပိုပြီးကျေးဇူးလဲတင်လာတယ်
ပိုပြီးတန်ဖိုးထားလာပါတယ် ပိုပြီးမြတ်နိုးလာတယ်
မိတ်ဆွေတို့ ညီညီမလေးတို့လဲ ဒီပုံပြင်လေးကိုဖတ်ရှုခံစားပြီး မိခင်ကျေးဇူး အထူးထူးကို သိနားလည်တတ်
တန်ဖိုးထားတတ်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေဖြစ်ကြပါစေလို့မျှော်လင့်လျက်.....။
မိခင်ကျေးဇူးအထူးသိစေ..

နှစ်ပေါင်းအစိတ်
ကြာခဲ့အတိတ်က
ဘဝတစ်ခု
အစပြုခဲ့
မွေးသမိခင်
ကျေးဇူးရှင်မှာ
ဖဝါးလက်နှလုံး
ပခုံးလကိနှစ်သစ်
အကောင်ပိစိမှ
ကာလရွေ့လျား
ကြီးကောင်လားတိုင်
မညီးမညူ
မဆူပူပဲ
ရေပူရေအေး
လိုရာပေး၏…။
မိခင်ကျေးဇူး
ဂုဏ်ထူးထူးကို
စာလွှာပေလွှာ
ရေးဖွဲ့ခြင်းငှာ
မစွမ်းသာဘူး
ပမာပြုသော်
မြင်မိုရ်တောင်သည်
မည်၍မည်မျှ
ရှည်လျားအံ့ဟု
မေးသည်ရှိက
တိုင်းထွာခြင်းငှာ
ဖြစ်ခြင်းရာ၏
သို့စေတမူ
မိခင်မေတ္တာ
ကျေးဇူးသည်ကား
အတိုင်းအဆမရှိ
အကန့်အသတ်မရှိ
အနှိုင်းအဆမရှိ
ဤကားစကားအမှန်တည်း…။
လူဖြစ်လာရ
ထိုခဏဝယ်
မွေးမိခင်ကို
ရင်ခွင်ခို၍
အလိုရှိတိုင်း
လိုရာတောင်းခံ
နှိပ်စက်ပြန်လည်း
မိခင်ဟူသည်
သားသမီးဆိုး
ပစ်ရိုးမရှိ
မုန်းလဲခဏ
ပြန်ချစ်ရသည်
ရင်၌ဖြစ်သော
ရတနာဟု
ပမာပြု၍
ချစ်ခြင်းမပျက်
ချစ်လျက်မြဲသာ
သိုပါငြားလဲ
ဆိုးသွမ်းယုတ်မာ
လူ့ဗာလတို့
မိခင်ကျေးဇူး
မသိမူ၍
မာတာမိခင်
ကျေးဇူးရှင်ကို
နွမ်းအောင်ညှင်းဆဲ
မျက်ရည်ရွှဲအောင်
ပြုငြားမိသော်
လက်ရှိဘဝ
နောင်သံသရာပါ
ငရဲလိုက်မည်
လူဖြစ်တုန်းခဏ
ဤဘဝမှာ
မိခင်ကျေးဇူး
အသိထူးကာ
လူဖြစ်ရကျိုးနပ်ကြစေ...။
Friday, May 7, 2010
လေလွင့်...ဘဝ

“ဘဝ”လို့သုံးလိုက်တော့
ရေးချင်တဲ့ကဗျာတောင်
အလျားအနံတွေကြီးသွားသလိုလို
ဟိုလိုလို ဒီလိုလိုနဲ့
အဲဒီဘဝရဲ့နေစွဲတစ်ချို့မှာ
အနက်ရှိုင်းဆုံးအတွေးတွေ
တိမ်လိုပဲလွင့်မျော
တစ်ခါတစ်ခါတော့
နှလုံးသားကိုတိုးတိုက်ကြရဲ့
ခံစားချက်ကိုနေ့စဉ်စားသုံး
သံစဉ်တွေကြားမှာနစ်မြုပ်ယင်း
အိပ်မက်ပန်းချီကားတွေကို
သွေးရူးသွေးတန်းစုတ်ချက်တွေနဲ့ချယ်မှုန်း
ဘဝဟာစိတ်ကူးတွေကြားမှာနစ်မွန်းခဲ့ရ
အိုက်စက်စက်နေ့ရက်တွေထဲ
ရေနွေးကြမ်းတစ်ခွက်ကိုထန်းလျက်ခဲနဲ့မြည်း
ရေးလက်စစကားလုံးတွေပြန့်ကျဲ...။
Subscribe to:
Posts (Atom)