
တိတ်ဆိတ်ပိတ်လှောင်
မှောင်နေတဲ့အခန်းငယ်ထဲ
မင်းဓါတ်ပုံကိုထုတ်
ဖွဖွလေးငါ နမ်းမိရဲ့
ပတ်ဝန်းကျင်ကိုငါ့ထက်ယုံ
အနီးမှုန်တဲမင်းမျက်လုံးကို
အက်ဆစ်နဲ့ပက် ဓါးနဲ့ကလော်
ပုလင်းတစ်လုံးထဲထည့်
ဆေးရည်စိမ်ထားချင်တယ်
ဒါပေမယ့်လဲ
ငါဟာမင်းမဟုတ်သလို
မင်းကလဲငါမဟုတ်
ရှုပ်ရှက်ခတ်ဇာတ်လမ်းတစ်ပုဒ်ကို
ကိုယ်ထင်သလိုနိဂုံးချုပ်
မျှော်လင့်ချက်တွေစုံးစုံးမြှုပ်မှ
ပျက်စီးခဲ့အိပ်မက်တို့အတွက်
ကိုယ့်မာနကိုယ်အပြစ်ဖို့ယင်း
ငါ့အလွမ်းတွေနှစ်ချို့ခဲ့ပြီလေ…။
No comments:
Post a Comment