.jpg)
ဒါအိပ်မက်တဲ့လား
စိတ်စေရာလွင့်မျောသွား
ဖြတ်သန်းခဲ့လှိုင်းလေများ
နိမ့်တစ်ခါမြင့်တစ်လှည့်
ငိုတစ်ခါပြုံးတစ်လှည့်
ချစ်တစ်ခါမုန်းတစ်လှည့်........။
လမင်းကိုကြည့်ယင်းအူတဲ့ခွေးလို
လေတိုက်ယင်တောင်လွမ်းချင်ခဲ့
ခေါင်ယန်းပန်းကိုနမ်းချင်တဲ့
တစ္စေလိုလူသား
ရိပ်ခနဲပျောက်ကွယ်သွား
နာရီ မိနစ် စက္ကန့်များ
ငါ့အခေါင်းနံရံမှာရေထားခဲ့
သံစဉ်မဲ့ခပ်ရိုင်းရိုင်းတေးသွား.......။
ငါဟာနင်မဟုတ်သလို
နင်ဟာလဲငါမဟုတ်ခဲ့...........။
No comments:
Post a Comment