Saturday, November 20, 2010

မချစ်သင့်သော ချစ်သူများအကြောင်း



မိတ်ဆွေ....
လူမှန်လျှင် အချစ်နဲ့မကင်းနိုင်တဲ့ဗျ..။
မိတ်ဆွေရဲ့ဘဝမှာ အချစ်ဆိုတာကို အနည်းဆုံး တစ်ကြိမ်တော့ ကြုံဖူးကြမှာပေါ့နော်
ရည်းစားရှိတာ မရှိတာကိုဆိုလိုတာမဟုတ်ပါဘူး
လူတစ်ယောက်ကို ရူးရူးမူးမူး လေးလေးနက်နက် အသည်းပေါက်မတတ် ချစ်မိသွားတာမျိုးပေါ့နော်
ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့ကလည်း တော်တော်မလွယ်တဲ့ကိစ္စပါပဲ
ကိုယ်ချစ်ရတဲ့သူရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်မရတဲ့အခါ ဖူးစားမပါလို့ပဲ ဆိုပြီး နှစ်သိမ့်လိုက်ရတဲ့လူတွေလည်းရှိတာပဲ
တစ်ချို့ အချစ်ရဲ့ဝင်္ကပါထဲမှာ ခြာခြာလည်ပြီး ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကိုမရလို့ ရူးသွားကြ မူးသွားကြ တစ်ချို့ဆို ကိုယ့်ချစ်သူ အိမ်ထောင်ကျသွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာတွေလဲရှိပါတယ်
(မယုံမရှိပါနဲ့ ကျွန်တော့်အနီးအနားမှာ အဲဒီလိုဖြစ်သွားတာ ၂ယောက်လောက်အထိရှိပါတယ်)

တကယ်လို့ ဖူးစာရေးနတ်က မျက်နှာသာပေးလို့ ကိုယ်ချစ်တဲ့သူရဲ့အချစ်ကိုရရောဆိုပါစို့
အဲဒီ အချစ်တစ်ခု ခိုင်မြဲအောင် လှပအောင် တည်ဆောက်ဖို့ အဲဒါက အချစ်ကိုရအောင် ကြိုးစားရတာထက်ပိုခက်ပါတယ်
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုမေးဖို့ မေ့လျှော့နေလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုရှိတယ်
အဲဒါကတော့ ကျွန်တော်တို့ အချစ်ကို ဘယ်လောက်ထိ တန်ဖိုးထားလဲ ကျွန်တော်တို့ရဲ့အချစ်ဟာ ဘယ်လောက်ထိ မှတ်ကျောက်တင်ခံနိုင်သလဲဆိုတာပါပဲ

အချစ်တစ်ခုတည်ဆောက်တဲ့နေရာမှာ အတ္တကို ဘေးဖယ်ထားရပါတယ်
မာနကို ချိုးနှိမ်ထားရပါတယ် တကယ်လို့ ကိုယ့်မာနကို ကိုယ့်ချစ်သူထက်ပို အလေးထားနေပြီဆိုလျှင် အဲဒီလူဟာ တကယ်မချစ်လို့ ဒါမှမဟုတ် အချစ်ရဲ့အဓိပ္ပာယ်ကို တကယ်နားမလည်နိုင်လို့ပါပဲ
အတ္တဟာ သိပ်ကြောက်ဖို့ကောင်းပါတယ် ကိုယ့်ချစ်သူထက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်နေတာမျိုးပေါ့
အရမ်းသိမ်မွေ့ပါတယ် သတိမထားမိလိုက်ပဲနဲ့ ကိုယ်မသိလိုက်တဲ့အခိုက်အတန့်မှာပဲ ကိုယ်ကိုယ်တိုင်နှလုံးသားနဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ အချစ်ကမ္ဘာလေးတစ်ခုကို ကိုယ်ကိုယ်တိုင်ပဲ ရိုက်ချိုးချေမွဖျက်ဆီးမိလျက်သားဖြစ်သွားတတ်တယ်
သဝန်တိုတယ်ဆိုတာလဲ တကယ်တော့ သိမ်မွေ့တဲ့ အတ္တကြီးခြင်းတစ်မျိုးပါပဲ
ချစ်သူကို အရုပ်တစ်ခုလိုသဘောထားပြီး ကိုယ်ပဲအပိုင်လိုချင်တယ် သူတပါးကြည့်လျှင်တော်မကြိုက်ဖူးဆိုတာ အချစ်မဟုတ်ပါဘူး
စွဲလမ်းတဲ့ စိတ်ရောဂါတစ်ခု ဖြစ်သွားပါပြီ
တကယ်တမ်း အချစ်မှာ တစ်ယောက်ရဲ့ ဖြစ်တည်မှုနဲ့အခွင့်အရေးကို အပြန်အလှန် နားလည်မှုဆိုတာပါပါတယ်
အဲလိုမဟုတ်ပဲ အတ္တကိုရှေ့တန်းတင်လျှင်တော့ မိတ်ဆွေ ခင်ဗျားတော့မှားနေပြီ

အချစ်တစ်ခုတာရှည်ခိုင်မြဲဖို့ ဘာအရေးကြီးဆုံးလဲလို့ ကျွန်တော်မေးကြည့်ဖူးတယ်
လူတော်တော်များများ (၉၉%လောက်)က နားလည်မှု (UNDERSTANDING) လို့ဖြေကြတယ်
ဟုတ်ပါတယ် နားလည်မှုဟာ သိပ်အရေးကြီးပါတယ်
လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလိုပါပဲ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်တူဖို့ စိတ်သဘောထားတိုက်ဆိုင်ဖို့က အတော်မလွယ်တဲ့ကိစ္စပါ အချစ်တစ်ခုကြာရှည်ခိုင်မြဲဖို့ နားလည်မှုမရှိတဲ့အခါ ဘယ်လိုမှ ညှိမရတာတွေဖြစ်လာပါတယ်
လူဘောင်လောကဟာ အင်မတန်ရှုပ်ထွေးပါတယ် ဒီတော့ ချစ်သူနှစ်ဦးရဲ့ကြားထဲကို အဲဒီအရှုပ်တွေ တစ်နည်းနည်းနဲ့ဝင်လာမှာပါ အထစ်အငေါ့တွေ ရှိလာမှာပါ ဒီအခါမှာ နားလည်မှုမရှိလျှင် အဲဒီအချစ်ဟာ တာရှည်ခံမှာမဟုတ်ပါဘူး
ဒါပေမယ့် ကျွန်တော်ကတော့ လူသားနှစ်ဦးချစ်ကြိုက်ကြတဲ့နေရာမှာ နာလည်မှုက ဒုတိယအရေးအကြီးဆုံးလို့ပဲထင်ပါတယ်
ဒါဖြင့် ပထမအရေးကြီးဆုံးကဘာလဲဆိုလျှင်တော့ အဲဒါ အပြန်အလှန်ရိုးသားမှု "HONESTY" ပါ

အချစ်တစ်ခုဟာ ရိုးသားမှုရှိရပါတယ် ချစ်တယ်လို့ပြောတဲ့ စကားတစ်ခွန်းမှာတောင် ရိုးသားမှုအပြည့်ရှိရပါမယ်
ရိုးသားမှုမရှိတဲ့ အချစ်ဟာ နိဂုံးမလှပါဘူး ဟန်ဆောင်တဲ့အချစ်တစ်ခုဟာ တိုင်မပါတဲ့တဲ ရွက်မပါတဲ့လှေလိုပါပဲ
လေနဲနဲခတ်တာနဲ့ ပြိုလဲနစ်မြှုပ်သွားမှာပါပဲ

ချစ်သူနှစ်ဦး ရေရှည်လက်တွဲကြမယ်ဆို ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်
သံသယဟာ အင်မတန်ကြောက်စရာကောင်းပါတယ် ရိုးသားမှုမရှိတဲ့ အချစ်တစ်ခုမှာ သံသယဟာ အဲဒီချစ်သူနှစ်ဦးရဲ့ နှလုံးသားကို ထိခိုက်နာကျင်စေပြီး သေရာပါအမာရွတ်စွဲကျန်စေမယ့် ကြေကွဲမှုဝေဒနာကို ပေးပါလိမ့်မယ်
ရိုးသားမှုမရှိပဲ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပါတယ်လို့ပြောလျှင်တော့ ကန်တော့ပါရဲေ-ျးစားပြီးပြောတောင်မယုံပါဘူး

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ချစ်ကြကြိုက်ကြမယ်ဆိုလျှင် ကိုယ့်ကိုယ်ကိုမေးခွန်းလေးနည်းနည်းလောက် မေးစေချင်ပါတယ်
ကိုယ့်ရဲ့အချစ်ဟာ ရိုးသားမှုရှိရဲ့လား?
ခိုင်မြဲရဲ့လား?
ကိုယ့်အတ္တ မာနထက် ကိုယ့်ချစ်သူကိုပိုချစ်နိုင်ပါ့မလား
ကိုယ့်ချစ်သူကို နားလည်မှုအပြည့်အဝပေးနိုင်ပါ့မလား?
ဒီလောက်ပါပဲ ဒီမေးခွန်းလေး ၄ခု လောက်လေးမှာတောင်မှ အဖြေက "NO" ဆိုလျှင်တော့ မိတ်ဆွေ...ခင်ဗျားဟာ မချစ်သင့်တဲ့ ချစ်သူတစ်ယောက်ပဲ..............။

Monday, June 21, 2010

တ စ္စေ...သို့မ ဟုတ်...............



အဲ ဒီ နေ့ က ပေါ့
ကျွန် တော် နေ ထိုင် တဲ့ က မ္ဘာ တစ် ခြမ်း မှောင် သွား တယ်
နေ မ ရှိ လ မ ရှိ ကြယ် ရောင် တွေ တောင် ဆိတ် သုဉ်း လျက်........
ဦး တည် ရာ မဲ့ နေ တဲ့ ခြေ လှမ်း တွေ က ကျွန် တော့် ကို သယ် ဆောင် သွား ခဲ့ တယ်
က မ္ဘာ ပြို တဲ့ နေ့ တဲ့ လား
ဟင့် အင်း အား လုံး ကို ကျွန် တော် ငြင်း လိုက် ချင် တယ်
ဒါ ပေ မယ့် ကျွန် တော့် မှာ အား အင် တွေ ကုန် ခမ်း နေ ပါ ပြီ
ကျွန် တော် မော နေ ပြီ
တစ် ချက် တစ် ချက် အ သက် ရှူ တောင် မ မှန် ချင် တော့ ဘူး
စက် ရုပ် နဲ့ တူ တဲ့ လူ သား အ မျိုး သ မီး လေး တစ် ယောက် ကျွန် တော့် ကို အ သက် မ ပါ တဲ့ အ ပြုံး ခပ် ပါး ပါး နဲ့ ပြုံး ပြီး ကြည့် တယ်
“သွား ပါ မင်း ငါ့ ကို အဲ လို မ ကြည့် နဲ့ ထွက် သွား မင်း မျက် နှာ ကို ငါ မ ကြည့် ချင် ဘူး သွား သွား”
ကျွန် တော် အ သံ ကုန် အော် ဟစ် လိုက် တယ်
သူ က အံ့ သြ ထိတ် လန့် သွား တဲ့ အ မူ အ ရာ နဲ့ မျက် လုံး ကြီး ပြူး ပြီး ကြည့် တယ်
ပြီး တော့ မျက် ရည် တွေ မျက် ရည် တွေ မျက် ရည် တွေ ပါ လား
ရုတ် တ ရက် မျက် နှာ ကို လက် နှစ် ဖက် နဲ့ အုပ် လို့ အ ဝေး ကို ထွက် ပြေး သွား တယ်
“ဟား ဟား ဟား မျက် ရည် မျက် ရည် မျက် ရည် ဟား ဟား ဟား ရီ ဖို့ ကောင်း လိုက် တာ....”
အ သံ ဟာ လည် ချောင်း ထဲ မှာ တစ် ဆို့ ပျောက် ကွယ် သွား တဲ့ ခ ဏ
အ လို.....ငါ့ မျက် လုံး မှာ လည်း မျက် ရည် တွေ ပါ လား
“မ ဟုတ် ဘူး မ ဟုတ် ဘူး ငါ မ ငို ဘူး ငါ မ ငို ဘူးးးးးးးး.........အား........”
ဘယ် လောက် စိတ် ရှုပ် ဖို့ ကောင်း သ လဲ
ကျွန် တော် ငို နေ ပါ လား
အဲ ဒီ မျက် ရည် တွေ ကို မ လို ချင် ပါ ဘူး ကွာ
ဘာ လို့ ငါ ငို နေ ရ တာ လဲ မ ငို ဘူး မ ငို ဘူး ကွ
......................................................
ဝက် ဝံ ရုပ် လေး ပိုက် ထား တဲ့ က လေး တစ် ယောက် ကျွန် တော့် ကို ထူး ဆန်း တဲ့ အ ကြည့် နဲ့ တစ် ချက် ကြည့် ပြီး
“အ ရူး ကြီး လား မ သိ ဘူး တဲ့”
ဟား ဟား ဟား အေး ငါ က အ ရူး ကြီး ပဲ ဟေ့ အ ရူး ကြီး ပဲ ဟား ဟား ဟား ရူး တယ် ရူး တယ် ရူး နေ တာ က မှ ကောင်း ဦး မယ်
ကျွန် တော် ဘယ် ကို သွား နေ မှန်း မ သိ တဲ့ ခြေ ထောက် တွေ ကို ဘ ရိတ် အုပ် လိုက် တယ်
.................
အဲ ဒီ အ ချိန် မှာ ပဲ မှောင် မည်း နေ တဲ့ ကောင်း ကင် ပေါ် က မိုး စက် တစ် ပေါက် ကျ လာ တယ်
ပြီး တော့ ... နောက် တစ် ပေါက်
ပြီး တော့... ပြီး တော့....
မိုး ရယ် ရွာ လိုက် စမ်း ပါ သည်း သည်း မည်း မည်း ရွာ လိုက် စမ်း ပါ
...............................
“ဂျိန်း ဒ လိန်း ဒိန်း”
နား ကွဲ တော့ မယ် ငါ နား ကွဲ တော့ မယ်
“မင်း က မိုး ကောင် ကင် ဆို ပြီး ထင် တိုင်း ကြဲ ချင် တယ် ပေါ့ ဟုတ် လား”
မင်း မှတ် ထား လိုက် ငါ မင်း ကို မ ကြောက် ဘူး မင်း ကို ငါ မ ကြောက် ဘူး
သ တ္တိ ရှိ ယင် ငါ့ ကို ပစ် လိုက် စမ်း ပါ ကွာ ပစ် လိုက် စမ်း ပါ အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မျက် ရည် တွေ မျက် ရည် တွေ အဲ ဒီ မျက် ရည် တွေ ကျ လာ ပြန် ပြီ လား
ငါ.......................................ငါလေ............မိုး သည်း ထဲ မှာ ငို နေ ပါ တယ်
ပြီး တော့ မြေ ကြီး ပေါ် ကို ဒူး ထောက် ချ လိုက် ရ တယ်
ငါ ဒူး မ ထောက် ချင် ပါ ဘူး ငါ မ ရှုံး ချင် ပါ ဘူး ငါ မ ပျော့ ညံ့ ချင် ပါ ဘူး
ငါ.....ငါ......ငါ ပင် ပန်း နေ ပြီ .... ငါ့ ကို တစ် ရေး လောက် ပေး အိပ် ပါ လား....
ငါ အ ရမ်း အိပ် ချင် နေ ပြီ.....
မြေ ကြီး ပေါ် ကို ပ ရမ်း ပ တာ လှဲ ချ လိုက် ပြီး တဲ့ နောက်.....................................
ငါ.....ငါ အိပ် ချင် နေ ပြီ.....................................ငါ..................................
....................................................................................................
အဲ ဒီ နောက် မှာ တော့............................................................................
....................................................................................................
......................................ကျွန် တော့် အ သိ ဥာဏ် တွေ ဆိတ် သုဉ်း.................
...............လော က ကြီး တစ် ခု လုံး......... အ မှောင် တိ ဖုံး သွား ခဲ့.......................
....................................................................................................
...................................................................................................။

Sunday, June 20, 2010

မိတ် ဆွေ! ဆေး လိပ် သောက် ဖို့ စဉ်း စား နေ သ လား ? ? ?



လွန် ခဲ့ တဲ့ တစ် လ လောက် က youtube မှာ အ မှတ် မ ထင် တွေ့လိုက် တဲ့ Video clip လေးပါ
အ သက် နှစ် နှစ် သာ ရှိ သေး ပြီး တစ် နေ့ စီး က ရက် အ လိပ် ၄၀ နီး ပါး သောက် သုံး နေ တဲ့ အင် ဒို နီး ရှား က လေး ငယ် လေး အ ကြောင်း ပါ ပဲ
မိ ဘ များ သင် ခန်း စာ ယူ နိုင် စေ ဖို့ တင် ပြ လိုက် ရ ပါ တယ်
က လေး ရဲ့ နာ မည် က အာ ဒီ ရီ ဇယ် (Ardu Rizal) ဖြစ် ပါ တယ်
ဒီ က လေး ငယ် ဟာ ဆေး လိပ် စွဲ နေ ပြီး ဆေး လိပ် အလိပ် လေး ဆယ် လောက် နေ့ စဉ် သောက် သုံး နေ ပါ တယ်
အင် ဒို နီး ရှား အ စိုး ရ က က လေး ရဲ့ မိ ဘ တွေ ကို အ ကယ် ၍ က လေး ဆေး လိပ် ပြတ် အောင် စွမ်း ဆောင် ပေး နိုင် မယ် ဆို လျှင် ကား တစ် စီး ချီး မြှင့် မယ် လို့ ကမ်း လှမ်း ထား ပါတယ်
အာ ဒီ လေး ရဲ့ မိ ဘ တွေ က တော့ က လေး ဟာ သူ့ ဆီ က ဆေး လိပ် ကို သူ များ ယူ တာ နဲ့ စိတ် အ ရမ်း ဆိုး တယ် လို့ ဆို ပါ တယ် ဆေး လိပ် ပြတ် ဖို့ ဆို တာ အ တော် မ လွယ် တဲ့ ကိ စ္စ ပါ

အာ ဒီ ရဲ့ အ မေ ဖြစ် သူ ဒိုင် ယာ နာ (Diana) က “သူ ဟာ ဆေး လိပ် စွဲ နေ ပါ ပြီ အာ ဒီ လေး ဟာ သူ့ ကို ဆေး လိပ် မ ပေး ယင် စိတ် ဆိုး တယ် အော် တယ် နံ ရံ ကို ခေါင်း နဲ့ ဆောင့် ပါ တယ် ပြီး တော့ က လေး ဟာ ခေါင်း မူး ပြီး နေ ထိုင် မ ကောင်း ဖြစ် ပါ တယ်” လို့ ဆို ပါ တယ်

က လေး ကို ၁၈ လ အ ရွယ် မှာ ပ ထ မ ဆုံး ဆေး လိပ် ကို ပေး ခဲ့ တာ က တော့ သူ့ အ ဖေ အ ရင်း ခေါက် ခေါက် ကြီး ပါ တဲ့
ငါး ဖမ်း သ မား တစ် ယောက် ဖြစ် တဲ့ အာ ဒီ ရဲ့ အ ဖေ ဖြစ် သူ က “က လေး ဟာ ကျန်း မာ ပါ တယ် ကျွန် တော် တော့ ဘာ ပြ သ နာ မှ မ မြင် ဘူး” လို့ ဆို ပါ တယ်

က လေး ရဲ့ မိ ဘ တွေ ဟာ က လေး ဆေး လိပ် ဖိုး အ တွက် တစ် နေ့ ငါး ဒေါ် လာ လောက် သုံး စွဲ နေ ရ ပါ တယ်
နှစ် နှစ် အ ရွယ် အာ ဒီ လေး ဟာ က လေး အ ဝ လွန် ရော ဂါ ခံ စား နေ ရ ပါ တယ်
သူ့ ခ န္ဓာ ကိုယ် ဟာ ၂၅ ကီ လို ခန့် ရှိ ပြီး လမ်း မ လျှောက် နိုင် ပါ ဘူး သူ့ က စား စ ရာ ကား လေး နဲ့ သွား ရ ပါ တယ်

ကျွန် တော် တို့ ဗု ဒ္ဓ ဘာ သာ ဝင် တွေ ဟာ မိ ခင် ဖ ခင် တွေ ကို အ နှိုင်း မဲ့ မေ တ္တာ ရှင် အ ဖြစ် သ ဘော ထား ပါ တယ်
ဗု ဒ္ဓ ဘု ရား ရှင် နဲ့ တစ် ဂိုဏ်း ထဲ ထား ကိုး ကွယ် တတ် ကြ ပါ တယ်
မိ ဘ တိုင်း မိ မိ တို့ ရဲ့ ရင် နှစ် သည်း ချာ သား သ မီး တွေ ကို ချစ် ကြ ပါ တယ်
အာ ဒီ ရဲ့ အ ဖေ ဟာ လည်း သူ့ သား လေး ကို ချစ် မှာ အ မှန် ပါ ပဲ
ဒါ ပေ မယ့် ဗ ဟု သု တ နည်း ရှာ တဲ့ တံ ငါ သည် ဖ ခင် ဟာ သူ့ သား ငယ် ကို သူ ကိုယ် တိုင် သတ် နေ တယ် ဆို တာ မ သိ ရှာ ပါ ဘူး
ဆေး လိပ် သောက် တာ ကို မ ကောင်း တဲ့ ကိ စ္စ လို့ တောင် ထင် ပုံ မ ရ ပါ ဘူး
သူ့ သား ငယ် လေး အာ ဒီ အ နေ နဲ့ အ သက် နှစ် ဆယ့် ငါး နှစ် မွေး နေ့ ကို မြင် ရ ဖို့ တော့ သိပ် မ ရှိ ပါ ဘူး
တာ ဝန် ရှိ သူ တွေ အ နေ နဲ့ ဒီ ကိ စ္စ ကို အ မြန် ဆုံး အ ရေး တ ယူ ဖြေ ရှင်း ဖို့ လို နေ ပါ ပြီ

နောက် ဆက် တွဲ အ နေ နဲ့ ဆွေး နွေး ချင် တာ လေး တွေ ရှိ ပါ တယ်
ကျွန် တော် စ င်္ကာ ပူ ကို စ ရောက် တဲ့ အ ချိန် မှာ အ ရမ်း ထူး ဆန်း တဲ့ ကိ စ္စ တစ် ခု ကို တွေ့ တယ်
အဲ ဒါ က တော့ စ င်္ကာ ပူ က လူ တွေ ဆေး လိပ် အ ရမ်း သောက် တာ ပါ
ပို ထူး ဆန်း တာ က မိန်း က လေး တွေ ပါ ဆေး လိပ် အ ရမ်း သောက် ကြ တာ ပါ ပဲ

ယော င်္ကျား လေး ဆေး လိပ် သောက် တာ ကျွန် တော် အ တွက် မ ထူး ဆန်း ပါ ဘူး
ဒါ ပေ မယ့် မိန်း က လေး တွေ ဆေး လိပ် သောက် တာ က တော့ အ တော် ထူး ဆန်း ပါ တယ်
ကျွန် တော် နဲ့ သိ တဲ့ မြန် မာ နိုင် ငံ မှ မိန်း က လေး အ များ စု ဟာ ဆေး လိပ် နံ့ တောင် မ ခံ နိုင် ပါ ဘူး
ဒီ မှာ တော့ ပြောင်း ပြန် ပြော ရ မယ် ထင် တယ် ဒီ ရောက် တဲ့ မြန် မာ အ မျိုး သ မီး တော် တော် များ များ လဲ ဆေး လိပ် သောက် ကြ ပါ တယ်

တစ် နေ့ ကျွန် တော် တို့ ကျောင်း က ဆ ရာ တစ် ယောက် က စာ သင် ယင်း နဲ့ စ ကား စပ် ယင်း အာ ရှ က နိုင် ငံ အ တော် များ များ ရှေး ရိုး ဆန် နေ တုန်း ပဲ တဲ့ တစ် ချို့ ဆို ဆေး လိပ် သောက် တာ ကို မ ကောင်း တဲ့ ကိ စ္စ လို့ ထင် နေ တုန်း ပဲ လို့ ပြော ပါ တယ်
ကျွန် တော် လဲ အ တော် အံ့ သြ သွား ပါ တယ်
စာ မ တတ် တဲ့ သူ တစ် ယောက် က ဒီ လို ပြော ယင် နား လည် နိုင် သေး ပေ မယ့် အ မေ ရိ ကန် က ဘွဲ့ ရ ထား တဲ့ ပ ညာ တတ် တစ် ယောက် ဆီ က ဒီ လို စ ကား မျိုး ကြား ရ လိမ့် မယ် လို့ မ မျှော် လင့် ထား လို့ ပါ

ဆေး လိပ် သောက် တယ် ဆို တာ တ ကယ် တော့ ကိုယ့် ကိုယ် ကို စ နစ် တ ကျ သတ် သေ ခြင်း တစ် မျိုး ပါ ပဲ
နှစ် စဉ် နှစ် တိုင်း က မ္ဘာ တစ် ဝန်း မှာ ရှိ တဲ့ လူ သိန်း ပေါင်း များ စွာ ဟာ ဆေး လိပ် ကြောင့် ဖြစ် တဲ့ ရော ဂါ တွေ နဲ့ အ သက် ဆုံး ရှုံး နေ ရ ပါ တယ်
ဆေး လိပ် သောက် သူ နှစ် ယောက် မှာ တစ် ယောက် ဟာ သူ တို့ ရဲ့ ဆေး လိပ် သောက် တဲ့ အ ကျင့် ကြောင့် အ သက် ဆုံး ရှုံး ရ ပါ တယ် အ များ စု ဟာ လူ လတ် ပိုင်း မှာ အ သက် ဆုံး ရှုံး ကြ ရ ပါ တယ်
ဆေး လိပ် / ဆေး ရွက် ကြီး ဟာ ကင် ဆာ ရော ဂါ မျိုး စုံ ဖြစ် စေ နိုင် ပြီး အ ဖြစ် အ များ ဆုံး က တော့ အ ဆုတ် ကင် ဆာ ဖြစ် ပါ တယ်
စီး က ရက် ထဲ မှာ ပါ တဲ့ နီ ကို တင်း နဲ့ ကာ ဘွန် မို နောက် ဆိုက် ဟာ နှ လုံး ခုန် နှုန်း ကို မြန် စေ ပြီး သွေး ပေါင် ချိန် တက် စေ ပါ တယ် နှ လုံး နဲ့ သွေး ကြော တွေ ကို ထိ ခိုက် စေ ပါ တယ် အဲ ဒီ က နေ မှ တ ဆင့် နှ လုံး ရော ဂါ (heart attack) နဲ့ လေ ဖြတ် ခြင်း စ တာ တွေ ဖြစ် စေ နိုင် ပါ တယ်
နောက် တစ် ခါ သွေး လည် ပတ် မှု ကို နှေး စေ ပြီး အောက် ဆီ ဂျင် ဖြန့် ဝေ မှု ကို ပြတ် တောက် စေ ပါ တယ် ဒါ ကြောင့် ဆေး လိပ် သောက် သူ တွေ ဟာ Buerger's disease ဆို တဲ့ ခြေ ချောင်း လေး တွေ ပုပ် တဲ့ ရော ဂါ ဖြစ် ပြီး ခြေ ထောက် ဖြတ် ရ တာ မျိုး ဖြစ် ပါ တယ်
နိုင် ငံ ကျော် လူ ရွှင် တော် ရှဲ ဒိုး ဟာ ဆေး လိပ် နှစ် ပေါင်း များ စွာ သောက် ခဲ့ တဲ့ ဒဏ် ကြောင့် ပ ထ မ ခြေ ထောက် ဖြတ် ရ ပြီး နောက် ဆုံး မှာ အ သက် ဆုံး ရှုံး သွား ရ ပါ တယ်

ကာ ဘွန် မို နောက် ဆိုက် ဟာ ဦး နှောက၊် ကြွက် သား နဲ့ တ ခြား ခ န္ဓာ ကိုယ် အ စိတ် အ ပိုင်း တွေ ကို သွား တဲ့ အောက် ဆီ ဂျင် ရဲ့ နေ ရာ ကို ဝင် လု ပါ တယ် နှ လုံး ကို အ လုပ် ဝန် ပိ စေ ပါ တယ်
ဆေး လိပ် သောက် တာ ကြာ လာ တဲ့ အ ခါ လေ ပြွန် တွေ ရောင် ပြီး အ ဆုတ် ထဲ ကို လေ သိပ် မ ဝင် တော့ ပဲ Emphysema ဆို တဲ့ ရော ဂါ ခံ စား ရ ကာ နောက် ဆုံး အ ဆုတ် ပျက် နောက် နှ လုံး ကို ပါ အ လုပ် မ လုပ် နိုင် တော့ အောင် အ ထိ ဖြစ် စေ နိုင် ပါ တယ်
နှ လုံး ရော ဂါ နဲ့ သေ တဲ့ လူ နာ ငါး ယောက် အ နက် တစ် ယောက် မှာ သူ့ ရဲ့ နှ လုံး ရော ဂါ ဖြစ် စေ တဲ့ အ ကြောင်း ရင်း ဟာ ဆေး လိပ် ပဲ ဖြစ် ပါ တယ်
နှ လုံး ရော ဂါ နဲ့ အ သက် ဆုံး ရှုံး ရ တဲ့ လူ ငယ် လေး ယောက် တွင် တစ် ယောက် မှာ ဆေး လိပ် သောက် လို့ ဖြစ် ပါ တယ်

ကိုယ် ဝန် ဆောင် အ မျိုး သ မီး တွေ ဆေး လိပ် သောက် လျှင် သူ တို့ မွေး ဖွား လာ တဲ့ က လေး တွေ မှာ ကိုယ် အ လေး ချိန် မ ပြည့် တာ၊ လ မ စေ့ ပဲ မွေး တာ၊ ကိုယ် ဝန် ခ ဏ ခ ဏ ပျက် ကျ တာ၊ အ သေ လေး မွေး တာ မျိုး တွေ ဖြစ် စေ နိုင် ပါ တယ်

နောက် တစ် ခု က တော့ ဆေး လိပ် သောက် တဲ့ သူ တွေ ဟာ သူ တစ် ယောက် တည်း တင် မ က တ ခြား သူ တွေ ကို ပါ သေ ရွာ အ ပါ ခေါ် တဲ့ အ လုပ် လဲ ဖြစ် ပါ တယ်
ဆေး လိပ် ကိုယ် တိုင် မ သောက် သော် လည်း သူ များ မှုတ် ထုတ် လိုက် တဲ့ ဆေး လိပ် ငွေ့ ကို ရှူ ရှိုက် မိ လျှင် လဲ ကျန်း မာ ရေး ကို ဆိုး ဆိုး ရွား ရွား ထိ ခိုက် စေ နိုင် ပါ တယ်

ဆေး လိပ် စွဲ နေ တဲ့ လူ နာ ကို ဆာ ဂျင် တစ် ယောက် က “ခင် ဗျား ဆေး လိပ် ဖြစ် မ လား ခြေ ထောက် ဖြတ် မ လား” ဆို ပြီး တော့ မေး ပါ တယ်
ဒီ အ ခါ မှာ လူ နာ က “ခြေ ထောက် ပဲ ဖြတ် ပါ ဆ ရာ ရယ် ဆေး လိပ် တော့ မ ဖြတ် ပါ ရ စေ နဲ့” လို့ ပြန် ဖြေ ပါ တယ်
ဒီ လူ နာ ဟာ နောက် ဆုံး မှာ နှ လုံး သွေး ကြော ပိတ် တဲ့ ရော ဂါ နဲ့ အ သက် ဆုံး ရှုံး သွား ရ ပါ တယ်
ဒါ မျိုး case တွေ ဟာ ဆေး ရုံ တွေ မှာ မ မြင် ချင် မှ အ ဆုံး ပါ ပဲ

နောက် ဆုံး ပြော ချင် တာ က တော့ ရှေ့ က သာ ဓ က တွေ ကို ကြည့် ပါ ဦး နှောက် နဲ့ စဉ်း စား ပါ
ဆေး လိပ် စ သောက် ဖို့ စဉ်း စား နေ ရင် အဲ ဒီ စိတ် ကူး ကို ဖျောက် လိုက် ပါ ဆေး လိပ် သောက် နေ တဲ့ သူ ဆို ယင် လဲ ကြိုး စား ပြီး ဖြတ် ပါ
ဆေး လိပ် ဖြတ် ခြင်း ဟာ ဆေး လိပ် သောက် လို့ ဖြစ် ပေါ် မယ့် ကျန်း မာ ရေး အ န္တ ရာယ် တွေ ကို လုံး ဝ ပြောင်း ပြန် လှန် ပစ် နိုင် ပါ တယ်
ပြော မ ရ ဆို မ ရ လို့ သေ ချင် သေ ပါ စေ ဆေး လိပ် သောက် မယ် ဆို တဲ့ သူ တွေ အ နေ နဲ့ ဒီ လောက် သောက် ချင် သ ပါ့ ဆို ယင် လဲ သောက် ပါ ဒါ ပေ မယ့် သူ တ ပါး ကို တော့ ဒု က္ခ မ ဖြစ် ပါ စေ နဲ့
ဆင် ဆင် ခြင် ခြင် လေး သောက် ပါ လူ ထူ ထပ် တဲ့ နေ ရာ မျိုး မှာ ဆေး လိပ် သောက် သုံး ခြင်း ကို အ ထူး ရှောင် ရှား စေ ချင် ပါ တယ်

“ အား လုံး ကိုယ် ကျန်း မာ စိတ် ချမ်း သာ နဲ့ ကောင်း ကျိုး လို အင် ဆ န္ဒ တစ် လုံး တစ် ဝ တည်း ပြည့် ဝ ကြ ပါ စေ”

Retreived from:
http://www.sevensidedcube.net/general/2010/a-baby-smokes-two-packs-of-cigarettes-per-day/
http://www.quit-smoking-stop.com/harmful-smoking-effects.html at 1 am, 21st June. 2010.

Friday, June 18, 2010

မြေးအဘိုးပုံပြင်




အ ဘိုး အို တစ် ယောက် ငါး နှစ် အ ရွယ် သာ ရှိ သေး တဲ့ သူ့ မြေး လေး နဲ့ အ တူ လမ်း လျှောက် ထွက် လာ ယင်း တစ် နေ ရာ အ ရောက် မှာ တော့ မြေး ငယ် က လျှောက် နေ တဲ့ ခြေ လှမ်း ကို တုန့် ခ နဲ ရပ်လိုက်ပါတယ်
“ဘာ လို့ လဲ မြေး လေး ရဲ့”
“ဘိုး ဘိုး ကောင်း ကင် ကြီး က ဘာ ဖြစ် လို့ ပြာ တာ လဲ ဟင်”
ဒီ တော့ အ ဘိုး လုပ် တဲ့ သူ က “ဘာ မှ မ ဖြစ် ဘူး သူ န ဂို က တည်း က အ ပြာ ရောင် ပဲ လေ ဒီ တော့ ပြာ တာ ပေါ့ မြေး လေး ရဲ့”
“ဟင် ဘိုး ဘိုး က လဲ ဒါ ဆို မိုး ရွာ ကာ နီး ယင် ကျ တော့ ဘာ လို့ ကောင်း ကင် တစ် ခု လုံး မည်း မှောင် နေ တာ လဲ”
“အဲ အဲ ဒါ က မိုး နတ် မင်း ကြီး က စိတ် ဆိုး တော့ သူ့ မျက် နှာ ကြီး မည်း သွား တာ ပေါ့”
“ဟင် ဒါ ဖြင့် မိုး ရွာ တာ က ရော”
“အဲ အဲ ဒါ က မိုး နတ် မင်း ကြီး က စိတ် မ ကောင်း လို့ ငို တာ ပေါ့ ကွယ့်”
“ဟင် ဘိုး ဘိုး ခု န က ပြော တော့ ကောင်း ကင် ကြီး မည်း တာ က မိုး နတ် မင်း က စိတ် ဆိုး လို့ ဆို အ ခု မိုး ရွာ တာ ကျ တော့ မိုး နတ် မင်း က စိတ် မ ကောင်း လို့ ငို တာ ဆို တော့ မိုး နတ် မင်း ကြီး က စိတ် ဆိုး လိုက် စိတ် မ ကောင်း ဖြစ် လိုက် နဲ့ ဘိုး ဘိုး ဟာ က မ ဟုတ် သေး ပါ ဘူး ဆ ရာ မ က ပြော တော့ မိုး ရွာ တာ တိမ် တွေ ငွေ့ ရည် ဖွဲ့ လို ရွာ တာ တဲ့ ဟွန့်.. ဘိုး ဘိုး သား သား ကို လိမ် တယ်”
“သြော် သား သား က လဲ သား သား ဆ ရာ မ က ဘိုး ဘိုး လောက် မှ အ သက် မ ကြီး သေး တာ ဘိုး ဘိုး က ပို သိ တာ ပေါ့ ကွယ့်”
“ထား ပါ တော့ ဒါ နဲ့ ဟိုး ကောင်း ကင် ပေါ် က ငှက် တွေ က ဘာ လို့ သား တို့ လို မြေ ကြီး ပေါ် မှာ မ နေ တာ လဲ ဟင် ဘိုး ဘိုး”
အ ဘိုး က တစ် ချက် စဉ်း စား ပြီး “ငှက် က လေး တွေ က တောင် ပံ ပါ တော့ ပျံ ရ တာ ပေါ့ ကွယ့် တောင် ပံ ပါ တဲ့ ကောင် တွေ က မြေ ကြီး ပေါ် မှာ လမ်း လျှောက် လို့ မ ရ ဘူး လေ အဲ ဒါ ကြောင့် ကောင်း ကင် ပေါ် တက် နေ တာ ပေါ့ ကွယ့်”
“ဟင် ဒါ ဖြင့် ကြက် က လေး တွေ ကျ တော့ ဘာ လို့ မြေ ကြီး ပေါ် မှာ နေ တာ လဲ သူ တို့ မှာ လဲ အ တောင် ပံ ပါ တာ ပဲ”
“အဲ.. အဲ ဒါ က.. သြော် သား သား က လဲ ဟို က ငှက် သား သား ပြော တာ က ကြက် ငှက် နဲ့ ကြက် မ တူ ဘူး လေ”
“ဟာ ဘိုး ဘိုး ဟာ က ဘာ မှန်း လဲ မ သိ ဘူး ကြက် မှာ လဲ အ တောင် ပံ ပါ တာ ပဲ သူ လဲ ကောင်း ကင် ထဲ သွား နေ ရ မှာ ပေါ့ ဟင့် အင်း ဟင့် အင်း ဘိုး ဘိုး သား သား ကို လိမ် တယ်”
“သြော် မြေး လေး က လဲ ဂျီ ကျ နေ ပြန် ပါ ပြီ လာ.. အိမ် ပြန် ကြ စို့ မှောင် လာ ယင် ဒေ ဝေါ ကြီး လိုက် ကိုက် လိမ့် မယ်”
“ဘိုး ဘိုး ဒေ ဝေါ ဆို တာ က ဘာ ကြီး လဲ ဟင်”
“ဒေ ဝေါ ဆို တာ သ ရဲ ကြီး ပေါ့ အ စွယ် ကြီး နှစ် ချောင်း နဲ့ လျှာ ကြီး က တစ် လံ လောက် ကြီး နဲ့ ကြောက် စ ရာ ကြီး ပေါ့ ကွယ်”
“ဟင် ဒါ ဆို သား သား ကြည့် နေ ကျ ပါ ဝါ ရိမ်း ဂျား ထဲ က အ ကောင် ကြီး တွေ လို နေ မှာ ပေါ့ နော် သား သား ကြည့် ချင် တယ် လိုက် ပြ ပါ လား”
“အာ သား သား က လည်း ပေါက် ပေါက် ရှာ ရှာ ဒေ ဝေါ က တ ကယ် မှ မ ရှိ တာ ဘယ် လို လိုက် ပြ မှာ လဲ”
“ဟင် ဒါ ဆို ဘိုး ဘိုး က သား သား ကို လိမ် တာ ပေါ့” မြေး လေး က စိတ် ပျက် လက် ပျက် ပြော ပါတယ်
“အဲ.... အဲ ဘိုး ဘိုး က မ လိမ် ပါ ဘူး ကွယ် ဒေ ဝေါ က တ ကယ် ရှိ တယ် ကွယ့် အဲ..ဒါ ပေ မယ့် ကြောက် စ ရာ ကြီး ဆို တော့ ဘိုး ဘိုး လဲ လိုက် မ ပြ ရဲ ဘူး ကွယ် လာ ပါ သား သား ရယ် အိမ် ပြန် စို့ သား သား မေ မေ တို့ စိတ် ပူ နေ လိမ့် မယ်”
“ဟင့် အင်း ဟင့် အင်း ဘိုး ဘိုး သား သား ကို လိမ် တယ် ဆ ရာ မ က ပြော တယ် လိမ် တယ် ညာ တယ် ဆို တာ လူ ဆိုး လူ မိုက် တွေ မှ လုပ် တာ တဲ့ ဘိုး ဘိုး က လူ ဆိုး ကြီး ပဲ တော် ပြီ ဘိုး ဘိုး ကို မ ခေါ် တော့ ဘူး”
“အာ ဒီ က လေး နာ တော့ မှာ ပဲ လာ အိမ် ပြန် မယ် ပြော လို့ မ ရ ယင် ငါ လက် ပါ လာ မယ် နော်”
“အီး ဟီး ဟီး..ဟီး ဟီး..”
“အာ မ ငို နဲ့ မ ငို နဲ့ တိတ် တိတ်”
ဒီ အ ချိန် မှာ တ ရား ပွဲ က ပြန် လာ တဲ့ မိတ် ဆွေ ဘုန်း တော် ကြီး တစ် ပါး က မြင် သွား ပြီး
“ဟေ့ ဒီ မြေး အ ဘိုး ဘယ် လို တွေ ဖြစ် နေ ကြ တာ တုန်း ကွ ဟေ”
“ဟော ဆ ရာ တော် ပါ လား ဘယ် က ပြန် ကြွ တုန်း ဘု ရား”
“ဒီ နား က တ ရား စ ခန်း မှာ အ လုပ် ပေး တ ရား ဟော ပြီး ပြန် လာ တာ ပါ တ ကာ ကြီး ရေ ပြော စမ်း ပါ ဦး ဘာ လဲ ဒီ က လေး လေး တယ် ဆိုး လား”
“ဆိုး တာ တော့ မ ပြော ပါ နဲ့ ဘု ရား ဒီ မှာ အ မေး အ မြန်း ထူ ပြီး ဂျီ အ ရမ်း ကျ နေ လို့ မာန် နေ ရ တယ် ဘု ရား”
“သြော် တ ကာ ကြီး နှယ်.. ဒီ အ ရွယ် က လေး တွေ က ဒီ လို ပဲ အ မေး အ မြန်း ထူ တတ် ကြ တာ ပဲ ကွယ့် သူ တို့ လေး တွေ အ တွက် အ ရာ ရာ တိုင်း ဟာ အ သစ် အ ဆန်း ဖြစ် နေ တော့ စ ကား လေး မ တောက် တစ် ခေါက် တတ် ပြီ ဆို တာ နဲ့ လက် ညှိုး ထိုး ပြီး ဒါ ဘာ လဲ ဒါ ဘာ လဲ မေး ကြ တော့ တာ သ ဘာ ဝ ပဲ ကွယ်”
“ဘိုး ဘိုး သား သား ကို လိမ် တယ်” မြေး လေး က ငို ပြီး တိုင် တော့
“ဟေ ဟုတ် လား ဘာ တွေ လိမ် တုန်း ဘုန်း ဘုန်း ကို ပြော ပါ ဦး ကွ”
အ ဘိုး လုပ် တဲ့ သူ က “အ ရှင် ဘု ရား ရေ သူ လေး က အ မေး အ မြန်း တွေ ထူ လွန်း တော့ တ ပည့် တော် လဲ တွေ့ ရာ ကြံ ဖန် ပြီး ပြော ရ တာ ပေါ့ ဘု ရား အဲ ဒါ သူ့ ကို လိမ် ပါ တယ် ဘိုး ဘိုး က လူ ဆိုး ကြီး ပါ ဆို ပြီး တ ပည့် တော် ကို မ ခေါ် တော့ ဘူး လုပ် နေ တယ် ဘု ရား”
“အေး တ ကာ တို့ လူ ကြီး တွေ အဲ ဒါ ခက် တာ ပေါ့ က လေး တစ် ယောက် မေး တဲ့ မေး ခွန်း ဆို ပြီး အ လေး မ ထား ပဲ တွေ့ က ရာ လျှောက် ပြော ဒါ အင် မ တန် အ န္တ ရာယ် ကြီး တယ် ကွယ့် ဒီ နေ့ ခေတ် က က လေး တွေ က အင် မ တန် လည် လာ ကြ ပြီ တို့ တွေ ငယ် ငယ် က လို လူ ကြီး ပြော တိုင်း မ ယုံ ကြ တော့ ဘူး ကွယ့် ဖြစ် နိုင် မ ဖြစ် နိုင် ယု တ္တိ ရှိ မ ရှိ စဉ်း စား လာ ကြ ကြ ပြီ ဒီ တော့ တို့ တစ် တွေ က က လေး တွေ ဆို ပြီး ပေါ့ ပေါ့ တန် တန် သ ဘော ထား လို့ မ ရ ဘူး ကွယ့် သူ တို့ လေး တွေ က တ ဖြည်း ဖြည်း ကြီး ပြင်း လာ ကြ မှာ လေ သူ တို့ ရဲ့ စိတ် ထဲ မှာ လူ ကြီး တွေ က လိမ် တယ် ဆို တာ ဝင် သွား ယင် နောက် ပိုင်း ဘယ် လို ဆုံး မ မ လဲ ဒါ ပေါ့ သေး သေး ပြ သ နာ မ ဟုတ် ဘူး ကွယ့် ဒီ ဘာ မ ဟုတ် တဲ့ ကိ စ္စ လေး က နေ နောက် ပိုင်း လူ မှု ဆက် ဆံ ရေး မှာ ဘယ် သူ့ ကို မှ မ ယုံ ကြည် တာ မျိုး အ ထီး ကျန် တစ် ယောက် တည်း နေ တာ မျိုး စိတ် ဝေ ဒ နာ တွေ အ ထိ ရောက် သွား နိုင် တယ် တ ကာ ကြီး ရေ”
“မှန် ပါ့ ဘု ရား အ ရှင် ဘု ရား ပြော မှ ပဲ တ ပည့် တော် လဲ စဉ်း စား မိ တော့ တယ် ဘု ရား အ ခု လို ဆုံး မ တာ ကျေး ဇူး ကြီး ပါ တယ် ဘု ရား တ ပည့် တော် ဆင် ခြင် ပါ့ မယ် ဘု ရား” လို့ လျှောက် ယင်း အ ဘိုး ဟာ ဆ ရာ တော် ရှေ့ မှာ ဒူး တုပ် ရှိ ခိုး လိုက် ပါ တယ်
“အေး သာ ဓု ကွယ် သာ ဓု ကဲ ဘုန်း ကြီး လဲ ကြွ ဦး မယ် ကွယ် သား သား... သား သား က လဲ ဂျီ အ ရမ်း မ ကျ နဲ့ ပေါ့ နော် သား သား ရဲ့ အ ဘိုး ကို ဘုန်း ဘုန်း ဆုံး မ လိုက် တာ လူ လိမ် မာ ကြီး ပြန် ဖြစ် သွား ပြီ နောက် ဆို သား သား မေး တာ မှန် သ မျှ လဲ ဖြေ လိမ့် မယ် သား သား ကို လဲ နောက် မ လိမ် တော့ ဘူး ကွယ့်”
“တ ကယ် လား ဟင် ဘိုး ဘိုး”
“အေး ပါ ကွယ် ဘိုး ဘိုး နောက် သား သား ကို မ ညာ တော့ ပါ ဘူး ဟုတ် ပြီ လား”
“ဟေးးးးးးး ဒါ မှ ဘိုး ဘိုး ကွ”

Thursday, June 17, 2010

Javier "Chicharito" Hernández (သို့မဟုတ်) အနာဂတ်ရဲ့ကြယ်တစ်ပွင့်



တောင် အာ ဖ ရိ က နိုင် ငံ မှာ ကျင်း ပ ပြု လုပ် နေ တဲ့ ၂၀၁၀ က မ္ဘာ့  ဖ လား အုပ် စု (A) ဒု တိ ယ ပွဲ စဉ် အ ဖြစ် ပြင် သစ် နဲ့ မ က္က စီ ကို တို့ ယ မန် နေ့ က ယှဉ် ပြိုင် က စား ခဲ့ ကြ ပါ တယ်
ယေ ဘူ ယျ အား ဖြင့် ဆို လျှင် ပြင် သစ် ဟာ ဘော လုံး အင် အား ကြီး နိုင် ငံ ဖြစ် လို့ အဲ ဒီအ သင်း မျိုး ကို အ နိုင် ရ ဖို့ ဆို တာ မ က္က စီ ကန် တို့ အ တွက် အိပ် မက် တစ် ခု ဖြစ် ပါ လိမ့် မယ်
အ ခု တော့ အဲ ဒီ အိပ် မက် ကို အ သက် သွင်း ပေး ခဲ့ တဲ့ သူ ရဲ ကောင်း လေး တစ် ယောက် မ က္က စီ ကို မှာ ပေါ် ထွက် လာ ခဲ့ ပါ ပြီ
သူ က တော့ Javier Hernández Balcázar ဆို တဲ့ ချာ တိတ် လေး ပါ ပဲ
သူ့ ကို "Chicharito" လို့ လဲ လူ သိ များ ပါ တယ်
"Chicharito" ဟာ ပြင် သစ် နဲ့ မ က္က စီ ကို တို့ ရဲ့ ပွဲ စဉ် မှာ မ က္က စီ ကို အ တွက် အ ရေး ပါ တဲ့ ပ ထ မ အ နိုင် ဂိုး ကို သွင်း ယူ ပေး ခဲ့ တာ ဖြစ် ပါ တယ်
ဒီ ပွဲ မှာ သူ ဟာ ပ ထ မ ၁၁ ယောက် စာ ရင်း မှာ ပါ ဝင် ခဲ့ တာ မ ဟုတ် ပါ ဘူး
ဒု တိ ယ ပိုင်း ပြန် စ တဲ့ အ ချိန် မှ သာ လူ စား ဝင် ခဲ့ ရ တာ ဖြစ် ပါ တယ်
ဒီ လို လူ စား ဝင် လို့ ၁၀ မိ နစ် မ ပြည့် ခင် မှာ ပဲ ဂိုး သွင်း စက် လေး ဟာ အ သင်း ဖော် Rafael Marquez ပေး တာ မှ တ ဆင့် ပြင် သစ် နောက် တန်း ရဲ့ လူ ကျွံ ဘော ထောင် ချောက် ကို ဖြတ် ကျော် ပြင် သစ် ဂိုး သ မား Hugo Lloris ကို လိမ် ခေါက် ပြီး အ နိုင် ဂိုး သွင်း ယူ ခဲ့ တာ ဖြစ် ပါ တယ်
အ ခု ဆို ယင် တော့ မန် ချက် စ တာ ယူ နိုက် တက် က လက် တ လော ခေါ် ယူ ထား တဲ့ ဂိုး သွင်း စက် လေး ကို တစ် က မ္ဘာ လုံး မှာ ရှိ တဲ့ ဘော လုံး ပ ရိတ် သက် က စောင့် ကြည့် နေ ကြ ပါ ပြီ

က လပ် အ သင်း က စား သ မား ဘ ဝ
"Chicharito" ကို ၁၉၈၈ ခု နှစ် ဇွန် လ ၁ ရက် နေ့ တွင် မ က္က စီ ကို နိုင် ငံ Guadalajara ၌ မွေး ဖွား ခဲ့ ပြီး
အ သက် ကိုး နှစ် မှာ ဒေ သ ခံ ဘော လုံး အ သင်း ဖြစ် တဲ့ C.D. Guadalajara မှာ ပါ ဝင် က စား ခဲ့ ပါ တယ်
ဒီ နောက် ၂၀၀၅-၀၆ ဘော လုံး ရာ သီ မှာ သူ ဟာ Chivas ရဲ့ အ ဆင့် နိမ့် ပြိုင် ပွဲ ဝင် အ သင်း တစ် သင်း ဖြစ် တဲ့
Chivas Coras မှာ က စား သ မား ဘ ဝ ကို စ တင် ခဲ့ ပါ တယ်
ဒီ ပြိုင် ပွဲ မှာ ခြေ စွမ်း ပြ နိုင် မှု ကြောင့် ၂၀၀၆-၀၇ ဘော လုံး ရာ သီ မှာ တော့ Chivas အ သင်း ကြီး မှာ ပါ ဝင် ခွင့် ရ ခဲ့ ပါ တယ်
သူ ရဲ့ ပွဲ ဦး ထွက် က တော့ Chivas က ပြိုင် ဘက် Jalisco အ သင်း ကို အ နိုင် ရ ရှိ တဲ့ ပွဲ ပဲ ဖြစ် ပါ တယ်
သူ တို့ အ သင်း က ၃-၀ နဲ့ ဦး တောင် နေ ချိန် ၈၂ မိ နစ် မှာ က စား ဖော် Omar Bravo အ စား လူ စား ဝင် ခဲ့ ရ တာ ဖြစ် ပြီး နောက် ၅ မိ နစ် အ ကြာ မှာ တော့ "Chicharito" ဟာ အ သင်း အ တွက် စ တု ထ္တ အ နိုင်ဂိုး သွင်း ပေး ခဲ့ ပါ တယ်
ဒီ ဂိုး ဟာ ၂၀၀၆-၀၇ ဘော လုံး ရာ သီ မှာ ၇ ပွဲ က စား ပြီး သွင်း နိုင် ခဲ့ တဲ့ တစ် လုံ တည်း သော ဂိုး ဖြစ် ပါ တယ်
၂၀၀၇-၀၈ ရာ သီ မှာ တော့ ၆ ပွဲ က စား ခွင့် ရ ပြီး တစ် ဂိုး မှ မ သွင်း နိုင် ခဲ့ ပါ ဘူး
၂၀၀၈ ခု နှစ် Apertura မှာ လဲ ၁၀ ပွဲ က စား ခွင့် ရ ပြီး တစ် ဂိုး မှ မ သွင်း နိုင် ခဲ့ ပါ ဘူး
ဒါ ပေ မယ့် "Chicharito" ဟာ ၂၀၀၉ ခု နှစ် Clausura ပြိုင် ပွဲ မှာ တော့ ၁၅ ပွဲ က စား ပြီး ၄ ဂိုး သွင်း နိုင် ခဲ့ ပါ တယ် ဒီ နောက် ၂၀၀၉ Apertura ပြိုင် ပွဲ မှာ တော့ ၁၇ ပွဲ က စား ၁၁ ဂိုး သွင်း ပြီး ပြိုင် ပွဲ ရဲ့ တ တိ ယ ဂိုး သွင်း အ များ ဆုံး က စား သ မား အ ဖြစ် ရပ် တည် နိုင် ခဲ့ ပါ တယ်
နောက် တော့ ၂၀၁၀ Torneo Bicentenario ပြိုင် ပွဲ မှာ ၁၁ ပွဲ က စား ၁၀ ဂိုး သွင်း ထား ပြီး ချိန် မှာ တော့
အ င်္ဂ လန် ပ ရီး မီး ယား လိဂ် မှ ထိပ် တန်း က လပ် မန် ချက် စ တာ ယူ နိုက် တက် က ခေါ် ယူ စာ ချုပ်ချုပ် ခဲ့ ပါ တယ်
၂၀၁၀ ဇူ လိုင် ၁ ရက် နေ့ ဆို လျှင် "Chicharito" ဟာ မန် ချက် စ တာ ယူ နိုက် တက် ရဲ့ တ ရား ဝင် က စား သ မား ဖြစ် လာ ပါ တော့ မယ်
"Chicharito" ဟာ မန် ချက် စ တာ ယူ နိုက် တက် နဲ့ ဘိုင် ယန် မြူး နစ် တို့ ရဲ့ ချန် ပီ ယံ လိဂ် ကွာ တား ဖိုင် နယ် ပွဲ စဉ် ကို တက် ရောက် ကြည့် ရှု ခဲ့ ပါ သေး တယ်
စာ ချုပ် ပါ သ ဘော တူ ညီ ချက် အ ရ မန် ချက် စ တာ ယူ နိုက် တက် နဲ့ မ က္က စီ ကို က လပ် Chivas တို့ ဟာ ၂၀၁၀ ဇူ လိုင် ၃၀ Chivas ရဲ့ ကွင်း သစ် ဖွင့် ပွဲ အ ထိမ်း အ မှတ် အ ဖြစ် ချစ် ကြည် ရေး ယှဉ် ပြိုင် က စား ကြ ပါ မယ်

နိုင် ငံ တ ကာ က စား သ မား ဘ ဝ
"Chicharito" ဟာ ၂၀၁၀ အ သက် နှစ် ဆယ် အောက် ဖီ ဖာ က မ္ဘာ ဖ လား မှာ မ က္က စီ ကို အ သင်း နဲ့ အ တူ ပါ ဝင် ခွင့် ရ ခဲ့ ပါ တယ်
၂၀၀၉ ခု နှစ် စက် တင် ဘာ ၃၀ မှာ တော့ မ က္က စီ ကို နဲ့ ကို လံ ဘီ ယာ တို့ ရဲ့ ပွဲ စဉ် မှာ လက် ရွေး စင် အ သင်း ကြီး နဲ့ အ တူ နိုင် ငံ ကိုယ် စား ပြု ပါ ဝင် ခွင့် ရ ခဲ့ ပါ တယ်
ဒီ နောက် ဘို လီး ဗီး ယား နဲ့ ယှဉ် ပြိုင် က စား တဲ့ ပွဲ မှာ "Chicharito" ဟာ နှစ် ဂိုး သွင်း နိုင် ခဲ့ ပြီး အ သင်း ဖော် Braulio ရဲ့ ဂိုး ကို လဲ ဖန် တီး ပေး နိုင် ခဲ့ ပါ တယ်
၂၀၁၀ မတ် လ ၃ ရက် နေ့ မှာ တော့ "Chicharito" ဟာ န ယူး ဇီ လန် ကို ခေါင်း တိုက် ဂိုး သွင်း နိုင် ခဲ့ ပြီး မတ် လ ၁၇ ရက် နေ့ မြောက် ကို ရီး ယား နဲ့ ပွဲ မှာ တော့ တစ် ဂိုး သွင်း နိုင် ခဲ့ ပါ တယ်
၂၀၁၀ ဇွန် ၁၁ မှာ တော့ "Chicharito" ဟာ သူ ရဲ့ က မ္ဘာ ဖ လား ပွဲ ဦး ထွက် အ ဖြစ် အိမ် ရှင် တောင် အာ ဖ ရိ က နဲ့ ပွဲ စဉ် မှာ လူ စား ပါ ဝင် ခွင့် ရ ခဲ့ ပါ တယ်
ယ မန် နေ့ က ပြင် သစ် နဲ့ ပွဲ စဉ် မှာ တော့ ဒု တိ ယ ပိုင်း အ စ မှာ လူ စား ဝင် ခွင့် ရ ခဲ့ ပြီး မ က္က စီ ကို အ တွက် အ ဖိုး တန် အ နိုင် ဂိုး တစ် ဂိုး သွင်း ပေး နိုင် ခဲ့ ပါ တယ်

အ ခု ချိန် မှာ တော့ မ က္က စီ ကန် တွေ ဟာ ကမ္ဘာ့  ဖ လား ရဲ့ ဒု တိ ယ ရှုံး ထွက် အ ဆင့် ကို တက် ရောက် ခွင့် အိပ် မက် မက် နေ နိုင် ပါ ပြီ
က မ္ဘာ့  ဘော လုံး ကောင်း ကင် ထက် မှာ လင်း လက် ဖို့ အ ရှိန် ယူ နေ ပြီ ဖြစ် တဲ့ Javier Hernandez တ ဖြစ် လဲ "Chicharito" ဆို တဲ့ ကြယ် လေး တစ် ပွင့် စင် မြင့် ပေါ် မှာ ဘယ် လို ဆက် လက် က ပြ အ သုံး တော် ခံ မယ် ဆို တာ စောင့် မျှော် ကြည့် ရှု ကြ ပါ ဦး စို့ လား ခင် ဗျာ။

ကျွန်ုပ်နှင့်အုန်းတစ်ပင်ရွာအမှု



တစ်နေ့သောအခါဝယ် ကျွန်ုပ် စုံထောက်ကျော်မောင်မောင်စနေသည် (စနေမောင်မောင်မဟုတ်ပါ) အမှုတစ်ခု၏အသွားအလာကို
သည်းကြီးမည်းကြီးစဉ်းစားခန်းဝင်နေလေသည်
“ဒီဘက်ကလာပြီး ဟိုဘက်ကိုသွားတာလား ဟိုဘက်ကလာပြီး ဒီဘက်ကိုသွားတာလား အရှေ့ကလား အနောက်ကလား တောင်လား မြောက်လား ဆင်လား ကြံ့လား ခွေး နွား အာ...ရှုပ်ကုန်ပါပြီ သြော် အတော်ရှုပ်တဲ့အမှုပါလားကွယ်ရို့”
ဒီအုန်းတစ်ပင်ရွာမှာက အမှုအခင်းကိစ္စတွေဆို ကျွန်ုပ်ကိုပဲအားကိုးကြတယ်လေ
မြို့တက်ရဲတိုင် ဂတ်တိုင်ဆို အင်း ဆင်ဖိုးထက်ချွန်းဖိုးကြီး အဲလေ မြို့နဲ့ဒီရွာနဲ့က အတော်လှမ်းတော့ ညအိပ်ညနေသွားမှ အဆင်ပြေတာလေ ဟိုမှာတည်းဖို့ခိုဖို့ စားဖို့သောက်ဖို့နဲ့ဆို အတော်ရေခမ်းတာကလား ဒီတော့ တစ်ခုခုအခင်းကြီးငယ်ရှိယင် ရွားသားတွေက သူကြီးကိုတိုင် သူကြီးကကျွန်ုပ်ကိုအားကိုတကြီးအကူအညီတောင်း ကျွန်ုပ်ကလည်း သမာသမတ်ရှိ ရိုးသားဖြောင့်မှန် ဥပတိရုပ်ကကောင်း ပညာကတော် ဘွဲ့ကလည်းနှစ်ဘွဲ့(ကိုရင်ဝတ်တုန်းကနဲ့ ဦးပဇ္ဇင်းဝတ်တုန်းကရထားတာ ဦးနန္ဒိယကတစ်ဘွဲ့ ဦးနန္နောဘာသကတစ်ဘွဲ့) အမှုလိုက်တဲ့နေရာမှာလဲတော် အနံ့ခံတဲ့နေရာမှာလဲ ချေးခြောက်ရှာတဲ့ခွေးအလား အဲလေ အဲ အဲသည်လိုတော်တော့ အားကိုးကြတာမဆန်းပါဘူးလေ ဟဲ ဟဲ ဟဲ
လိုက်ခဲ့တဲ့အမှုတွေမပေါ်ဘူးဆိုတာမရှိဘူး သူကြီးကတော်လုံချည်နှစ်ကွင်းပျောက်တဲ့အမှု ရွာထဲကမောင်ခွေးရဲ့ အရက်ထဲရေနှစ်စက်ရောမှု ကွမ်းတောင်ကိုင်ငွေခင်ရဲ့ကွမ်းအစ်ပျောက်မှု ဦးသာအေးရဲ့နွားထီးနှင့်နွားမမှား၍နို့ညှစ်မှု အို စုံနေတာပါပဲ
ဒီလိုအမှုကြီးတွေကို စုံစမ်းဖော်ထုတ်ပေးခဲ့တဲ့ စုံထောက်ကျော်ကြီးကျွန်ုပ်ကတောင် ရှုပ်ပါတယ် ရှုပ်ပါတယ်အော်နေရတာ ဘာကြောင့်လဲ စာဖတ်သူတို့သိချင်ကြထင်ရဲ့
ဒီလိုဗျ ကျွန်ုပ်တို့ရွာမှာ တခြားရွာတွေမှာလိုပဲ ရွာဦးကျောင်းရှိတယ် အဲဒီရွာဦးကျောင်းက ဆရာတော်ပျံလွန်တော်မူပြီးတဲ့နောက် ဆရာတော်ရဲ့နေရာကိုဆက်ခံဖို့ ကိုယ်တော်ရွေးချယ်ဖို့ဖြစ်လာရော
အဲသည်မှာ ပြသနာကစသဗျ ဘာလို့လဲဆို ရွာဦးကျောင်းမှာက ဦပဇ္ဇင်းကနှစ်ပါးနဲ့ ကိုရင်ငါးပါးရှိတယ်
ဒီတော့ ကျောင်းထိုင်နေရာကို အဲသည့်ဦးပဇ္ဇင်းနှစ်ပါးထဲကရွေးရမယ်ပေါ့ဗျာ
ခက်တာက ကိုယ်တော်တွေက တစ်ပါးနဲ့တစ်ပါး သူဖြစ်သင့်တယ် ငါဖြစ်သင့်တယ်ဆိုပြီးဖြစ်လာပါရော
ဒီတော့ ရွာသားတွေခမျာမှာ ဘယ်ကိုယ်တော်ကိုရွေးရမလဲမသိပေါ့ တစ်ပါးကိုရွေးပြန်တော့လဲ ကျန်တစ်ပါးကမကျေနပ်ဖြစ်မှာ အဲဒါကိုလည်းစိုးရိမ်ကြပါတယ် မျက်နှာပျက်မှာစိုးသကိုး ဒီမှာ ရွာသားတွေက သူကြီးကိုဝိုင်းတောင်းဆိုကြတာပေါ့
ဘယ်ကိုယ်တော်ကို ကျောင်းထိုင်ခန့်မယ်ဆိုတာ ဆုံးဖြတ်ပေးပါပေါ့
ဒီအခါမှာ သူကြီးခမျာ ဗျာများရရှာတာပေါ့ သူကိုယ်တိုင်ကလည်း တောသားဗဟုသုတနည်း နုံရှာ အရှာတာဆိုတော့ နောက်ဆုံမှာတော့ သတိ သမာဓိ ပညာပြည့်စုံပြီး ဗဟုသုတလဲကြွယ်ဝတဲ့ ကျွန်ုပ်ထံ အားကိုးတကြီးနဲ့ အကူအညီးတောင်တော့တာပေါ့ ကျွန်ုပ်ကလဲ ပရိတ်သတ်က အလိုရှိပြီဆိုတော့ ရှေ့ထွက်ကပြအသုံးတော်ခံ အဲဒီမှာ ရွာသားတွေကအသပြာတွေဆုချ အဲလေ ဇာတ်ပွဲနဲ့ရောကုန်ပြီ အဲလို ရွာသားတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဒီကိစ္စကိုတာဝန်ယူလိုက်တယ်ပေါ့ဗျာ
ကျွန်ုပ်ကလည်း ခေတ်ပညာတတ်စုံထောက်ကျော်ကြီးဖြစ်တဲ့အားလျော်စွာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနေတာဆိုတော့ ဟဲ ဟဲ ရွာသားများလျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်မယ်ဆိုပြီး ကြေငြာလိုက်တာပေါ့
ဦပဇ္ဇင်းနှစ်ပါးကို စင်ပေါ်တင် တစ်လှည့်စီ မဲဆွယ် အဲလေ တရားဟောစေပြီးမှ ရွာသားတွေကိုမဲပေးစေမယ်ပေါ့
ဒီလိုနဲ့ ဦးပဇ္ဖင်းများ တရားဟောကြရောဆိုပါစို့
ပထမဦးပဇ္ဇင်းစပြီးဟောတဲ့တရားက အီစွတ်ရဲ့တစ်ထောင့်တစ်ညပုံပြင်များထဲမှ ကုလားအုတ်နဲ့တဲပိုင်ရှင်ဆိုတဲ့ ပုံပြင်လေးနဲ့ဟောတာပေါ့ တခြားကိုယ်တော်တွေလို ငါးရာငါးဆယ်ဇာတ်ထုပ်တွေ မဟောပဲ ဘာလို့အီစွတ်ရဲ့ပုံပြင်နဲ့ဟောရသလဲဆိုတော့ တကာတစ်ယောက်က အရှင်ဘုရား လှေကြီးထိုးရိုးရိုးပဲဟောယင် ရွာသားတွေစိတ်ဝင်စားမှာမဟုတ်ဘူး ဒီတော့အခုခေတ်စားနေတဲ့ ပုံပြင်လေးတွေနဲ့ ဟောပါဘုရားလို့လျှောက်ထားလို့ပါ
ဒီပုံပြင်လေးကတော့ စာဖတ်သူတို့သိပြီးတဲ့အတိုင်းပါပဲ တစ်ခါကအာရပ်ပြည်က သဲကန္တာရအတွင်းမှာ လူတစ်ယောက်ဟာ တဲအိမ်လေးနဲ့နေသတဲ့ တစ်ညမှာသူ့တဲကို ကုလားအုတ်တစ်ကောင်ရောက်လာပြီး အပြင်မှာသဲမုန်တိုင်းတွေတိုက်နေလို့ သူခေါင်းလေးဝင်ထားပါရစေလို့ပြော တဲပိုင်ရှင်ကလဲ သနားစိတ်နဲ့ ခွင့်ပြု ဒီလိုနဲ့ တစ်စတစ်စကမ်းတက်ပြီး ခေါင်းကနေမှ လည်ပင်း လည်ပင်းကနေမှ ကိုယ်အရှေ့ပိုင်း နောက်ဆုံမှာ ကုလားအုတ်တစ်ကိုယ်လုံးတဲထဲရောက်သွားပြီး တဲပိုင်ရှင်ခမျာ တဲပြင်ကိုရောက်သွားသတဲ့ ဒီလိုဟောတော့ ဒုတိယကိုယ်တော်ကမကျေနပ်ဘူး သူကပထမကိုယ်တော်ထက်တစ်လနောက်ကျပြီးမှ ဒီကျောင်းကိုရောက်တာဆိုတော့ သူ့စောင်းဟောတယ်ပေါ့ မကျေနပ်ဘူး ဒါနဲ့ တေးထာလိုက်တာပေါ့
နောက်တော့ သူတရားဟောမယ့်အလှည့်ရောက်လာရော ဒီအခါကိုယ်တော်ကဘာဟောလဲဆိုတော့ ဒေါင်းယောင်ဆောင်သောကျီးဆိုတဲ့ ခေါင်းစဉ်လေးနဲ့ဟောတာပေါ့ ဒေါင်းယောင်ဆောင်လို့ပျက်စီးရရှာတဲ့ ကျီးကန်းအကြောင်းပေါ့ ဒီပုံပြင်လေးဟောပြီးတော့ ကိုယ်တော်က ဒီလိုကျီးမိုက်မျိုးတွေလူ့လောကမှာလဲရှိကြောင်း တစ်ချို့ဆို ကိုယ်တိုင်ကပညာအခြေခံတောင်မရှိပါပဲ ပညာရှိယောင်ဆောင်တာ ဟောတာပြောတာတွေရှိကြောင်း
ဒါတွေဟာ လူ့ဘောင်လောကအတွက် အဆိပ်အတောက်ဖြစ်ကြောင်းဟောသတဲ့
ဒီမှာတင်ပထမကိုယ်တော်ကတင်းတော့တာပါပဲ မတင်းနေနိုင်လားဗျာ သူကဒုတိယဦးပဇ္ဇင်းလို ငယ်ဖြူမဟုတ်ဘူးလေ ကြီးမှဝတ်တဲ့ တော့ထွက်ကိုယ်တော်ဆိုတော့ သင်္ဂြိုလ် သဒ္ဒါကစလို့ မကျေညက်ဘူးပေါ့ ဒီတော့ သူ့စောင်းဟောပါတယ်ဆိုပြီး ကိုယ်တော်နှစ်ပါးထသတ်ကြပါရောဗျို့ တစ်ပါးကထိပ်ပေါက် တစ်ပါးကလက်ကျိုးပေါ့ မျက်နှာမှာလဲ အညိုအမည်းတွေနဲ့ပေါ့
ဒါနဲ့ကိုယ်တော်နှစ်ပါးကို မဲပေးမယ့်အစီအစဉ်လဲပျက်သွားပါတယ်
ဒီနောက်တော့ ကိုယ်တော်နှစ်ပါးက ကျွန်ုပ်ထံလာပြီး တစ်ပါးနဲ့တစ်ပါးအပြစ်တင်ကြ ငြင်းခုံကြနဲ့ ဘယ်ကိုယ်တော်ကို ကျောင်းထိုင်အဖြစ်ရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပေးပါပေါ့ အဲဒီလိုဆိုကြပါတယ်
ဒီလောက်ဆိုကျွန်ုပ်ဘာလို့ ဒီအမှုကို ခေါင်းခြောက်နေရသလဲ သိကြရောပေါ့
“ဟုတ်ပြီ ဟုတ်ပြီ အကြံရပြီ”
ဟုတ်ကဲ့ ကျွန်ုပ် အင်မတန်ကောင်းတဲ့ အကြံတစ်ခုကိုရလိုက်ပါပြီ
ဒီလိုနဲ့ နောက်တစ်ပတ်ကြာတဲ့အခါမှာတော့ ရွာဦးကျောင်းမှာ ကျောင်းထိုင်အသစ်တစ်ပါးရွေးချယ်ခန့်အပ်လိုက်ပြီး ကိုယ်တော်နှစ်ပါးလဲ သင့်မြတ်သွားကြသတဲ့
ဘယ်ကိုယ်တော်ကို ကျောင်းထိုင်ရွေးလိုက်လဲ စာဖတ်သူတို့သိချင်ကြထင်ရဲ့
ဟဲ ဟဲ ဒါကတော့ဒီလိုဗျ ဟိုဟာကတော့ဟိုလို ဟဲ ဟဲ အလကားနောက်တာပါ
ဒီလိုဗျ ပထမကိုယ်တော်လဲမဟုတ်ဘူး ဒုတိယကိုယ်တော်လဲမဟုတ်ဘူးဗျ တခြားရွာက ဆရာတော်တစ်ပါးကိုပင့်ပြီး ယာယီကျောင်းထိုင်ခန့် အမြဲတမ်းကျောင်းထိုင်နေရာကိုတော့ ရွာခံကိုယ်တော်နှစ်ပါးထဲကရွေးမယ်
အဲ ကိုယ်တော်နှစ်ပါးထဲက ပိုပြီးသဘောထားပြည့်ဝ ခွင့်လွှတ်အနစ်နာခံတဲ့ ကိုယ်တော်ကိုနောက်ခြောက်လအကြာမှာ ကျောင်းထိုင်အဖြစ်ခန့်အပ်မယ်လို့ဆုံးဖြတ်ပေးလိုက်တာပါပဲ
ဘယ့်နှယ့်လဲ မပိုင်ဘူးလား ငှဲ ငှဲ ငှဲ
အခုတော့ ကိုယ်တော်နှစ်ပါးလဲပြေလည်သွားပြီ(မချစ်သော်လဲအောင့်ကာနမ်းပေါ့)
ကျွန်ုပ်လဲ တာဝန်ပြီးဆုံးသွားပြီမို့ အာဂျင်တီးနားနဲ့တောင်ကိုရီးယားတို့ရဲ့ ကမ္ဘာ့ဖလားပွဲလေးကြည့်လိုက်ပါဦးမယ်
ဒန်တန့်တန် ပလို့ဂျိ.....။ :D

Wednesday, May 12, 2010

Reply to အပြစ်ပြောတာနဲ့ ဆုံးမတာကို ဘယ်လိုခွဲခြားသတ်မှတ်မလဲ posted by khaingsukyi

အပြစ်ပြောတာနဲ့ ဆုံးမတာကို ဘယ်လိုခွဲခြားသတ်မှတ်မလဲ။

အပြစ်ပြောရင်လဲ သူများအပြစ်ကို မြင်အောင် ကြည့်ပြီး ပြောရတယ်။

ဆုံးမရင်လဲ အပြစ်ကို မြင်အောင် ပြပြီး ဆုံးမရတယ်။

သူများ အပြစ်ကို မြင်အောင်လိုက်ကြည့်ပြီး ပြောတတ်သူက ကောင်းစေချင်လို့ ဆုံးမတာလို့ ဆင်ခြင်ပေးတယ်။

ကောင်းစေချုင်လို့ ဆုံးမသူကိုလဲ အပြစ်လိုက်ပြောနေတဲ့ သူလို့ လွဲမှား စွာမြင်မိတယ်။

အပြစ်ပြောတာနဲ့ ဆုံးမတာကို ဘယ်လို ခွဲခြားနားလည်ရမလဲ

Posted by khaingsukyi on http://dhammadutayouth.ning.com/ February 19, 2010 at 3:34pm

အပြစ်ပြောတာနဲ့ ဆုံးမတာက ပြောသူ (ဝါ) ဆုံးမသူရဲ့စေတနာပေါ်မှာမူတည်ပြီး ကွဲပြားပါတယ်

လူတစ်ယောက်အမှားလုပ်ပြီဆို အပြစ်ပြောတဲ့ ( Negative sense နဲ့) သူက အများစုပါ

ကိုယ့်အပေါ်ကောင်းစေချင်လို့ ဝိုင်းဝန်းအဖြေရှာပေးတဲ့သူကတော့ အနည်းစုပါ

တစ်ချို့ကျတော့ ကူညီချင်တယ် ကောင်းစေချင်တယ် ဒါပေမယ့် တစ်ဖက်လူရဲ့ခံစားချက်ကိုမစဉ်းစားပဲ

ပြောချင်တာပြော ကရုဏာဒေါသောနဲ့ ပြောတဲ့အခါ စေတနာကဝေဒနာဖြစ် ဆုံးမရာလဲမရောက်တော့ဘဲ

အသားလွတ်အပြစ်တွေ စွဲချက်တွေတင်သလိုဖြစ်သွားပါတယ်

ဒါကတော့ နားလည်မှုလွဲတာပါ တကယ်တမ်းကတော့ ဒါမျိုးက မိဘနဲ့သားသမီးကြားမှာ အဖြစ်များပါတယ်

တစ်ချို့ကကျတော့ အမှားလုပ်မိတဲ့သူကို ကြိုးမိန့်ကျတရားခံအလားပဲ

လုံးဝခေါင်းမဖော်နိုင်အောင်အောင်ငေါက်တာမျိုးရှိပါတယ်

လူတိုင်းမှားကြပါတယ် သူမှားတဲ့အမှားမျိုးကိုယ့်မှာရောကင်းရဲ့လားဆိုတာ အယင်ဆုံးစဉ်းစားသင့်ပါတယ်

မဟုတ်ယင် သူ့အတွက် ကိုယ့်အတွက် ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး

အမှားလုပ်မိတဲ့သူကို ကိုယ်ချင်းစာတရားလေးမွေးပြီး ကူညီမယ် အခွင့်အရေးလေးပေးမယ်ဆို

ဒီလိုပြသနာလေးရှင်းသွားမှာပါ

ပြောတဲ့ ဆုံးမတဲ့နေရာမှာလဲ စေတနာလေးမှန်ဖို့လိုပါတယ်

အလကား အသားလွတ် ဆရာလုပ်ပြီး အကျောကြီးနဲ့ ပြောချင်တာပြော အော်ချင်တာအော်တာမျိုးမဖြစ်သင့်ပါဘူး

အမှားတိုင်းမှာ အကြောင်းပြချက်တော့ရှိပါတယ် မတော်တဆမှားတာလား မသိလို့မကျွမ်းကျင်လို့မှားတာလား

နမော်နမဲ့နိုင်လို့မှားတာလား ဘာကြောင့်မှားတာလဲ ဆိုတဲ့ အပေါ်မှာမူတည်ပြီး အခြေအနေနဲ့အချိန်အခါအရ

သင့်လျော်သလိုဆုံးမအကြံပေးသင့်ပါတယ်

အမှားလုပ်မိသူကို ကြောင်းနဲ့ကျိုးနဲ့ သေသေချာချာနားဝင်အောင်ပြောပြ သူ့အခက်အခဲကိုလဲနားထောင်

သင့်လျော်မယ့် အကြံပေး ဒီလိုဆို နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေတာပေါ့ သူအတွက်လဲအကျိုးရှိတယ် ကိုယ်လဲ

လေမကုန်ရ ဒေါသမထွက်ရတော့ဘူပေါ့

အပြန်အလှန်လေးစားမှု နားလည်မှု ကိုယ်ချင်းစာမှု ရိုင်းပင်းကူညီမှုဆိုတာတွေဟာ

တစ်ယောက်နဲ့တစ်ယောက်ကင်းနေလို့မရတဲ့

လူ့အသိုင်းအဝိုင်းထဲက လူတွေအတွက် လူမှုဆက်ဆံရေးအခြေခံပါပဲလေ...။