
မိတ်ဆွေ....
လူမှန်လျှင် အချစ်နဲ့မကင်းနိုင်တဲ့ဗျ..။
မိတ်ဆွေရဲ့ဘဝမှာ အချစ်ဆိုတာကို အနည်းဆုံး တစ်ကြိမ်တော့ ကြုံဖူးကြမှာပေါ့နော်
ရည်းစားရှိတာ မရှိတာကိုဆိုလိုတာမဟုတ်ပါဘူး
လူတစ်ယောက်ကို ရူးရူးမူးမူး လေးလေးနက်နက် အသည်းပေါက်မတတ် ချစ်မိသွားတာမျိုးပေါ့နော်
ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့ကလည်း တော်တော်မလွယ်တဲ့ကိစ္စပါပဲ
ကိုယ်ချစ်ရတဲ့သူရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်မရတဲ့အခါ ဖူးစားမပါလို့ပဲ ဆိုပြီး နှစ်သိမ့်လိုက်ရတဲ့လူတွေလည်းရှိတာပဲ
တစ်ချို့ အချစ်ရဲ့ဝင်္ကပါထဲမှာ ခြာခြာလည်ပြီး ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကိုမရလို့ ရူးသွားကြ မူးသွားကြ တစ်ချို့ဆို ကိုယ့်ချစ်သူ အိမ်ထောင်ကျသွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာတွေလဲရှိပါတယ်
(မယုံမရှိပါနဲ့ ကျွန်တော့်အနီးအနားမှာ အဲဒီလိုဖြစ်သွားတာ ၂ယောက်လောက်အထိရှိပါတယ်)
တကယ်လို့ ဖူးစာရေးနတ်က မျက်နှာသာပေးလို့ ကိုယ်ချစ်တဲ့သူရဲ့အချစ်ကိုရရောဆိုပါစို့
အဲဒီ အချစ်တစ်ခု ခိုင်မြဲအောင် လှပအောင် တည်ဆောက်ဖို့ အဲဒါက အချစ်ကိုရအောင် ကြိုးစားရတာထက်ပိုခက်ပါတယ်
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုမေးဖို့ မေ့လျှော့နေလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုရှိတယ်
အဲဒါကတော့ ကျွန်တော်တို့ အချစ်ကို ဘယ်လောက်ထိ တန်ဖိုးထားလဲ ကျွန်တော်တို့ရဲ့အချစ်ဟာ ဘယ်လောက်ထိ မှတ်ကျောက်တင်ခံနိုင်သလဲဆိုတာပါပဲ
အချစ်တစ်ခုတည်ဆောက်တဲ့နေရာမှာ အတ္တကို ဘေးဖယ်ထားရပါတယ်
မာနကို ချိုးနှိမ်ထားရပါတယ် တကယ်လို့ ကိုယ့်မာနကို ကိုယ့်ချစ်သူထက်ပို အလေးထားနေပြီဆိုလျှင် အဲဒီလူဟာ တကယ်မချစ်လို့ ဒါမှမဟုတ် အချစ်ရဲ့အဓိပ္ပာယ်ကို တကယ်နားမလည်နိုင်လို့ပါပဲ
အတ္တဟာ သိပ်ကြောက်ဖို့ကောင်းပါတယ် ကိုယ့်ချစ်သူထက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်နေတာမျိုးပေါ့
အရမ်းသိမ်မွေ့ပါတယ် သတိမထားမိလိုက်ပဲနဲ့ ကိုယ်မသိလိုက်တဲ့အခိုက်အတန့်မှာပဲ ကိုယ်ကိုယ်တိုင်နှလုံးသားနဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ အချစ်ကမ္ဘာလေးတစ်ခုကို ကိုယ်ကိုယ်တိုင်ပဲ ရိုက်ချိုးချေမွဖျက်ဆီးမိလျက်သားဖြစ်သွားတတ်တယ်
သဝန်တိုတယ်ဆိုတာလဲ တကယ်တော့ သိမ်မွေ့တဲ့ အတ္တကြီးခြင်းတစ်မျိုးပါပဲ
ချစ်သူကို အရုပ်တစ်ခုလိုသဘောထားပြီး ကိုယ်ပဲအပိုင်လိုချင်တယ် သူတပါးကြည့်လျှင်တော်မကြိုက်ဖူးဆိုတာ အချစ်မဟုတ်ပါဘူး
စွဲလမ်းတဲ့ စိတ်ရောဂါတစ်ခု ဖြစ်သွားပါပြီ
တကယ်တမ်း အချစ်မှာ တစ်ယောက်ရဲ့ ဖြစ်တည်မှုနဲ့အခွင့်အရေးကို အပြန်အလှန် နားလည်မှုဆိုတာပါပါတယ်
အဲလိုမဟုတ်ပဲ အတ္တကိုရှေ့တန်းတင်လျှင်တော့ မိတ်ဆွေ ခင်ဗျားတော့မှားနေပြီ
အချစ်တစ်ခုတာရှည်ခိုင်မြဲဖို့ ဘာအရေးကြီးဆုံးလဲလို့ ကျွန်တော်မေးကြည့်ဖူးတယ်
လူတော်တော်များများ (၉၉%လောက်)က နားလည်မှု (UNDERSTANDING) လို့ဖြေကြတယ်
ဟုတ်ပါတယ် နားလည်မှုဟာ သိပ်အရေးကြီးပါတယ်
လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုသလိုပါပဲ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်တူဖို့ စိတ်သဘောထားတိုက်ဆိုင်ဖို့က အတော်မလွယ်တဲ့ကိစ္စပါ အချစ်တစ်ခုကြာရှည်ခိုင်မြဲဖို့ နားလည်မှုမရှိတဲ့အခါ ဘယ်လိုမှ ညှိမရတာတွေဖြစ်လာပါတယ်
လူဘောင်လောကဟာ အင်မတန်ရှုပ်ထွေးပါတယ် ဒီတော့ ချစ်သူနှစ်ဦးရဲ့ကြားထဲကို အဲဒီအရှုပ်တွေ တစ်နည်းနည်းနဲ့ဝင်လာမှာပါ အထစ်အငေါ့တွေ ရှိလာမှာပါ ဒီအခါမှာ နားလည်မှုမရှိလျှင် အဲဒီအချစ်ဟာ တာရှည်ခံမှာမဟုတ်ပါဘူး
ဒါပေမယ့် ကျွန်တော်ကတော့ လူသားနှစ်ဦးချစ်ကြိုက်ကြတဲ့နေရာမှာ နာလည်မှုက ဒုတိယအရေးအကြီးဆုံးလို့ပဲထင်ပါတယ်
ဒါဖြင့် ပထမအရေးကြီးဆုံးကဘာလဲဆိုလျှင်တော့ အဲဒါ အပြန်အလှန်ရိုးသားမှု "HONESTY" ပါ
အချစ်တစ်ခုဟာ ရိုးသားမှုရှိရပါတယ် ချစ်တယ်လို့ပြောတဲ့ စကားတစ်ခွန်းမှာတောင် ရိုးသားမှုအပြည့်ရှိရပါမယ်
ရိုးသားမှုမရှိတဲ့ အချစ်ဟာ နိဂုံးမလှပါဘူး ဟန်ဆောင်တဲ့အချစ်တစ်ခုဟာ တိုင်မပါတဲ့တဲ ရွက်မပါတဲ့လှေလိုပါပဲ
လေနဲနဲခတ်တာနဲ့ ပြိုလဲနစ်မြှုပ်သွားမှာပါပဲ
ချစ်သူနှစ်ဦး ရေရှည်လက်တွဲကြမယ်ဆို ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်
သံသယဟာ အင်မတန်ကြောက်စရာကောင်းပါတယ် ရိုးသားမှုမရှိတဲ့ အချစ်တစ်ခုမှာ သံသယဟာ အဲဒီချစ်သူနှစ်ဦးရဲ့ နှလုံးသားကို ထိခိုက်နာကျင်စေပြီး သေရာပါအမာရွတ်စွဲကျန်စေမယ့် ကြေကွဲမှုဝေဒနာကို ပေးပါလိမ့်မယ်
ရိုးသားမှုမရှိပဲ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပါတယ်လို့ပြောလျှင်တော့ ကန်တော့ပါရဲေ-ျးစားပြီးပြောတောင်မယုံပါဘူး
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ချစ်ကြကြိုက်ကြမယ်ဆိုလျှင် ကိုယ့်ကိုယ်ကိုမေးခွန်းလေးနည်းနည်းလောက် မေးစေချင်ပါတယ်
ကိုယ့်ရဲ့အချစ်ဟာ ရိုးသားမှုရှိရဲ့လား?
ခိုင်မြဲရဲ့လား?
ကိုယ့်အတ္တ မာနထက် ကိုယ့်ချစ်သူကိုပိုချစ်နိုင်ပါ့မလား
ကိုယ့်ချစ်သူကို နားလည်မှုအပြည့်အဝပေးနိုင်ပါ့မလား?
ဒီလောက်ပါပဲ ဒီမေးခွန်းလေး ၄ခု လောက်လေးမှာတောင်မှ အဖြေက "NO" ဆိုလျှင်တော့ မိတ်ဆွေ...ခင်ဗျားဟာ မချစ်သင့်တဲ့ ချစ်သူတစ်ယောက်ပဲ..............။